ကိုင်းကြီးကျေးရွာအား လုံးချင်းတိုက်အိမ်၊ စာသင်ကျောင်း၊ ဆိုလာမီး၊ ကားလမ်းများ တည်ဆောက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား

ကိုင်းကြီးကျေးရွာအား လုံးချင်းတိုက်အိမ်၊ စာသင်ကျောင်း၊ ဆိုလာမီး၊ ကားလမ်းများ တည်ဆောက်ပေးမည်ဟု ပြည်ထောင်စုဝန်ကြီးပြောကြား
by -
နိရဥ္စရာ
အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် လူ ၈ ဦး အသက်ဆုံးရှုံးခဲ့ရသည့် မောင်တောင်ပိုင်း ကိုင်းကြီးကျေးရွာအား လုံးချင်းလူနေတိုက်အိမ်များ အပါအဝင် စာသင်ကျောင်း၊ ဆိုလာမီးများ တပ်ဆင်ပေးမည်သာမ ကားလမ်းလည်း ဖောက်လုပ်ပေးမည် ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော အဖွဲ့မှ ကတိပြု ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

သြဂုတ် ၁၄ ရက် မနက် (၉)နာရီ ကျော်ခန့် တွင် ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ် လူမူရေးဝန်ကြီး ဒေါက်တာချမ်းသာတို့ ပါ၀င်သော အဖွဲ့သည် ကားများဖြင့် ကိုင်းကြီးရွာသို့ ရောက်ရှိလာပြီး ဒေသခံရွာသားများနှင့် တွေ့ဆုံစဉ် ထိုသို့ ကတိပြု ပြောကြားခဲ့သည်ဟု ကျေးရွာခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစိန်လှမောင်က ပြောကြားသည်။

“ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်ကြီးရဲအောင်က ယခုအခင်းဖြစ်ပွားခဲ့တဲ့ အိမ်ခြေ ၄၈ အိမ်နဲ့ လူဦးရေ ၂၉၆ ရှိတဲ့ ကျွန်တော်တို့ ကိုင်းကြီးမြိုရွာကို ယာယီ မူလတန်း အဆင့်ကျောင်းကနေ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း အဆင့်ထိတိုးမြင့်ပေးသွားမယ်လို့ ပြောကြား သွားခဲ့ပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် ကျောက်ပန္ဒူ ကျေးရွာတွင် တည်ဆောက်လျှက်ရှိနေသည့် လုံးချင်းနေအိမ်များကဲ့သို့ လုံးချင်း တိုက်အိမ်များ ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း၊ ကျေးရွာသို့ အချိန်မရွေး ဆက်သွယ် သွားလာ၍ ရသည့် ကားလမ်းကိုလည်း ဖောက်လုပ်ပေးမည်ဖြစ်ကြောင်း၊ မီရရှိရေး အတွက် နေအိမ်အားလုံးကို ဆိုလာများ ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ပြောဆိုသည်။

သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစု ၈ ဦးအားလည်း တစ်ဦးလျှင် ငွေကျပ် ၆ သိန်းကျစီ ထောက်ပံ့ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကလည်း ၎င်းမြိုရွာသားများ အေးဆေးစွာ စားသောက် နေထိုင်ရေး အတွက် လိုအပ်သော ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများ ကို ၂ လတိတိ ထောက်ပံ့ပေးရန်မှာ ကြားခဲ့သည်ဟု ကျေးရွာသားများက ပြောကြားသည်။

၎င်းပြည်ထောင်စု ၀န်ကြီးအဖွဲ့သည် မောင်တောမြို့သို့ သြဂုတ် ၁၄ ရက်နေ့ နံနက်က စစ်ရဟတ်ယာဉ်ဖြင့် မောင်တောမြို့သို့ ရောက်ရှိလာရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကြိုဆိုခဲ့ကြသည်။

ကိုင်းကြီးရွာ မူလတန်းကျောင်း စာသင်ခန်းတွင် ကိုင်ကြီးရွာမှ ရွာခံများနှ င့် ပြဿနာဖြစ်ပွါးသည့် မြိုရွာမှ ရွာသူ/ရွာသားများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့သည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...