မြောက်ဦးမြို့နယ် ပုဇွန်ဖေရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၃၉ လုံးပြိုပျက်

မြောက်ဦးမြို့နယ် ပုဇွန်ဖေရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၃၉ လုံးပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုဇွန်ဖေကျေးရွာတွင် ဇူလိူင် ၂၄ရက်နေ့ နေ့လယ်က လေဆင်နှာမောင်းတိုက်ခတ်သွား၍ အဆောက်အဦများ အပါအဝင် အိမ်ပေါင်း ၃၉ လုံး ပြိုပျက်သွားခဲ့သည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“ အခု ကျွန်တော်ဆီကို သတင်းပို့ပါတယ်။ စာသင်ကျောင်း၊ ဆန်စက် အပါအဝင် ၃၉ လုံးပြိုပျက်သွားပါတယ်” ဟု ဦးထွန်းသာစိန်က ပြောကြားသည်။

ပုဇွန်ဖေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းမြသို့ ဆက်သွယ်ရာ စာသင်ကျောင်းဆောင် တစ်ခု၊ ဆန်စက်တစ်လုံး၊ စပါးကျီနှစ်လုံး အပါအဝင် အိမ်အလုံး ပေါင်း ၃၉ လုံး ပြိုပျက်သွားသည်ဟု ပြောကြားသည်။

“ စုစုပေါင်း ၃၉ လုံး ပျက်ပါတယ်။ လုံးဝ ပြိုလဲပျက်စီးသွားတာကတော့ ခုနှစ်ဆောင်ပါ။ ဓနိမိုးထရံကာ အိမ်တွေပါ။ လေဆင်နှာမောင်တိုက်တာ နေ့လယ် ၁ နာရီ ၁၅ မိနစ်မှာပါ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ယခုအခါ အိမ်လုံးဝ ပြိုပျက်သွားခဲ့ရသည့် မိသားစုများအနေဖြင့် နီးစပ်ရာ အိမ်များတွင် ၀င်ရောက်နေထိုင်နေကြရသည်ဟု သိရသည်။

ပုဇွန်ဖေရွာတွင် အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိပြီး ပြိုပျက်သွားသည့် အိမ်များမှာ ရွာတောင်ပိုင်းနှင့် အနောက်ဘက်က နေအိမ်များ ဖြစ်ကြောင်း သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...