ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော သုံးမိုင်တွင်ဖမ်းမိ

ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ မောင်တော သုံးမိုင်တွင်ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့ ၃ မိုင်တွင် ကျပ်သိန်း ၁၅၆၀ တန်ဖိုးရှိ WY အမှတ် တံဆိပ်ပါ စိတ်ကြွယာဘားဆေးပြား ခုနှစ်သောင်းကျော် ဖမ်းမိသည်ဟု သတင်းရရှိသည်။

“ မောင်တောမြို့ ၃ မိုင် စစ်ဆေးရေးဂိတ်မှာ မနေ့ည (ဇူလိုင်၂၀) ၈ နာရီ ၄၀ မိနစ်မှာ လက်ရှိတန်ဖိုးနဲ့ဆိုရင် ၁၅၆၀၀၀၀၀၀ တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေး ရ၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု မောင်တောမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်တောမြို့ ၃ မိုင် စစ်ဆေးရေးစခန်း ရုံးမှ ကင်းတာဝန်ကျဖြစ်သော ရဲ ဒုတပ်ကြပ် ဘိုဘိုဟန်၊ တေဇော်ထိုက်တို့ အဖွဲ့မှ သုံးမိုင်ဂိတ်တွင် ပိတ်ဆို့ရှာဖွေရာ ဘူးသီးတောင် မှ မောင်တော သို့ ယာဉ်မောင်း စောအောင်ထူး မောင်းနှင်းလားသော ယာဉ်အမှတ် 41/8823 ဟိုင်းလတ် ကားအား ရပ်တန့်စစ်ဆေးရာမှ ၎င်းဆေးပြားများကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

“စခန်းမှူး ရဲမှူးဇော်ဇော်နေဟိန်းထံ သတင်းပို့ပြီး ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးဆောင်ရွက်တော့ ယာဉ်ပေါ်ပါခရီးသည် ၆ ဦးရဲ့ ခရီးဆောင်အိတ်တွေထဲက မသင်္ကာဖွယ် အထုပ် ၁ ထုပ် တွေ့ရှိ စစ်ဆေးတော့ ပီနံအိတ်အဝါရောင်ထဲမှာ အဝတ်အစားများနဲ့ရောထွေး သယ်ဆောင်လာသည့် အဲဒီစိတ်ကြွဆေးပြား ရ၈၀၀၀ ကို ဖမ်းမိတာပါ” ဟု ၎င်းရဲအရာရှိက ပြောသည်။

၎င်းစိတ်ကြွဆေးပြားများမှာ ကားပေါ်တွင် အတူပါလာသူ မောင်တောမြို့နေ နောရ်ဒေါ်လာလ် (၂၃) နှစ် (ဘ) ဦးဒယ်ဇွန်ဒရွန်း/ ဟိန္ဒူ နှင့် မောင်တော မြို့မ အရှေ့ရပ်ကွက် (၄)နေ ဦးစိုးနိုင် (၃၂) နှစ် (ဘ) ဦးမောင်ဒါးညား/ ဟိန္ဒူ တို့ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း သိရသည်ဟု ရဲက ပြောသည်။

ဆေးပြားတစ်ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တွက်ချက်ပါက စုစုပေါင်း ကာလတန်ဖိုး (၁၅၆၀၀၀၀၀၀) ရှိကြောင်း သိရှိရပါသည်။

ဖမ်းမိသောတရားခံ ၂ ဦးနှင့် သက်သေခံပစ္စည်များအား မူးယစ်တပ်ဖွဲ့စု (၄၆) မှ ဒုရဲအုပ် သိန်းဝင်းသူက ပြင်ဖြူ နယ်မြေစခန်း၌ တရားလိုပြုလုပ်တိုင်တန်ပြီး ဥပဒေအရ အရေးယူမူများဆောင်ရွက်နေသည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...