ပြည်ပသတင်းမီဒီယာအဖွဲ့များ မောင်တောမြို့သို့ရောက်ရှိ

ပြည်ပသတင်းမီဒီယာအဖွဲ့များ မောင်တောမြို့သို့ရောက်ရှိ
by -
အောင်ကျော်မင်း
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်ဒေသများသို့ အစိုးရ အစီအစဉ်ဖြင့် လာရောက် သတင်းယူနေသည့် ပြည်ပ သတင်းသမားအဖွဲ့သည် ဇူလိုင် ၁၄ နေ့တွင် မောင်တောမြို့သို့ ရောက်ရှိခဲ့သည်။ ၎င်းပြည်ပသတင်းထောက်အဖွဲ့သည် များမကြာမီက တိုက်ပွဲ ဖြစ်ပွားခဲ့၍ အကြမ်းဖက် သမား ၂ ဦးသေဆုံးခဲ့သည့် ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာနှင့် မောင်နှမ ကျေးရွာတို့သို့ သွားရောက်ခဲ့ပြီး ယင်းရွာများမှ တစ်ဆင့် မောင်တောမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းအဖွဲ့သည် မောင်တောမြို့မှ တစ်ဆင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်တည် ရှိရာ ကျီးကန်းပြင်သို့ သွားရောက်ခဲ့သည်။ ကျီးကန်းပြင်ဌာနချုပ်တွင် ကွပ်ကဲရေးမှူး သူရစန်းလွှင်က သတင်းထောက် အဖွဲ့အား အောက်တိုဘာ ၉ ရက်နေ ဖြစ်စဉ်နှင့် ပတ်သက်ပြီး projector ဖြင့်ရှင်းပြကြောင်း သိရသည်။ ၎င်းနောက် ဘင်္ဂလီရွာများ မီးလောင်မူ အခြေအနေများ၊ နိုင်ငံခြား သတင်းဌာနများ၌ မဟုတ်မမှန် စွပ်စွဲပြောဆိုရေးသားနေမှုများ အကြောင်း၊ မုဒိမ်းကျင့်မူ များ မရှိသည့် အကြောင်း၊ ကျန်ရှိနေသော လက်နက်အရေအတွက် နှင့် ပြန်လည် သိမ်းဆည်း ရရှိသည့် လက်နက်အရည်အတွက်၊ လက်ရှိ ဘင်္ဂလီ အချင်းချင်းသတ်ဖြတ်နေမှု အကြောင်းများကို ရှင်းပြသည်ဟု သိရသည်။ ကွပ်ကဲရေးမှူး သူရစန်းလွှင်မှ ယခုလပိုင်း အတွင်း ဘင်္ဂလီအချင်းချင်း သတ်ဖြတ်သည့် အပြင် တိုင်းရင်းသား ရခိုင်လူမျိုးများပါ အသတ်ခံခဲ့ရသည့် အကြောင်းများကို ရှင်းလင်းပြောကြားဟု ဆိုသည်။ ၎င်းနောက် သတင်းသမားများ၏ သိလိုသည့် မေးမြန်ချက်များကိုလဲ အသေးစိတ် ရှင်းပြခဲ့ကြောင်း သိသည်။ပြည်ပ သတင်းထောက်များသည် ကျီးကန်းပြင် ဌာနချုပ်အတွင်းရှိ ဗဟိုကင်းနှင့် လက်နက်တိုက်များသို့ သွားရောက်လေ့လာကြပြီး လက်နက်တိုက် တိုက်ခိုက်ခံရမူ အခြေအနေများနှင့် ပတ်သက်၍ ရဲမှူးစိုးနိုင်အောင်က ရှင်းပြသည်ဟု သိရသည်။ ၎င်း သတင်းအဖွဲ့သည် ယနေ့တွင် မောင်တောမြို့ ဟိုတည်တစ်ခုတွင် တည်းခိုနေပြီး ဇူလိူင် ၁၅ ရက်နေ့တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ နယ်ခြားစခန်းများ တိုက်ခိုက်ခံရပြီး နောက်ပိုင်း မောင်တောမြို့နယ် တွင် မီးလောင်မူဖြစ်ပွားခဲ့သော ကျေးရွာ(၁၃)ရွာ တွင်ပြန်လည်နေရာချထားရေး ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာမည်ဟု သိရသည်။ ပါ၀င်သည့် ပြည်ပ သတင်းဌာနများမှာ အေအက်ဖ်ပီ၊ နစ်ကေး၊ ဗွီအိုအေ၊ ဘီဘီစီ၊ အာရ်အက်ဖေ၊ ရိုက်တာ၊ အေဘီစီ၊ တီဗွီအဆာဟိ၊ ဖရန်တီးယား၊ အေပီ၊ ဆင်ဟွာ၊ အန်အိပ်ချ်အေ၊ စီအင်န်အေ၊ အမ်အိုင် တီဗွီ၊ ကျိုဒိုနယူးစ် စသည့် သတင်းဌာနမှ သတင်းသမား ၁၉ ဦးပါ၀င်သည်။ပြည်ပသတင်းမီဒီယာအဖွဲ့သည် ဇူလိုင် ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ကြာမြှင့်မည် ဖြစ်ကြောင်း သိရသည်။
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...