နယ်သာလန်နိုင်ငံရောက် ရဲဘော်ကြီး ချန်ဒူးဝန် ကွယ်လွန်

နယ်သာလန်နိုင်ငံရောက် ရဲဘော်ကြီး ချန်ဒူးဝန် ကွယ်လွန်
by -
နိရဥ္စရာ
ဗိုလ်ချုပ်ခိုင်ရာဇာ စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်တပ်မတော် (AA) မှ ရဲဘော်ကြီးချန်ဒူးဝန်သည် ဇူလိုင်လ ၉ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် နေသာလန်နိုင်ငံရှိ သူ၏နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

chanduwonရဲဘော်ကြီးသည် နေသာလန်နိုင်ငံရှိ Deventer ဆေးရုံကြီးတွင် တစ်ပတ်ကျော် တက်ရောက်ကုသပြီး၊ သူ၏ဆန္ဒသဘောအရ ဇွန်လ ၂၂ ရက်နေ့တွင် သူ၏နေအိမ်သို့ ပြောင်းရွှေ့လာပြီး အချိန်ပြည့် သူနာပြုဆရာမ၏ ကုသမှုကို ခံယူခဲ့ကြောင်း သိရသည်။

ယင်းသို့ ကုသမှုကို ခံယူနေစဉ် ဇူလိုင်လ ၉ ရက်နေ့တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ရဲဘော်ကြီးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ရခိုင်ပြည်) ABSDF (Arakan) တွင် ရဲဘော်တစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင် လာခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ရခိုင်ကျောင်းသားအဖွဲ့များကို ပေါင်းစည်းဖွဲ့စည်း လိုက်သော ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ရခိုင်မျိုးဆက်သစ်တပ်မတော် (Arakan New Generation Army -ANGA ) တွင် ရဲဘော် အဖြစ်လည်းကောင်း ရခိုင်မျိုးကောင်းသား ပီသစွာ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၇ ခုနှစ်တွင် AASYC နှင့် ANGA တို့ကို ဖျက်သိမ်းပြီး ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) ၊ ရခိုင်ပြည်တပ်မတော် (AA) နှင့် ပေါင်းစည်းလိုက်သောအခါတွင်လည်း တော်လှန်ရေး ရဲဘော်တစ်ဦးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၈ ခုနှစ်က ဗိုလ်ရာဇာဦးဆောင်ပြီး စီမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်တပ်မတော်၏ စစ်ရေးအစီအမံထဲတွင် ပါ၀င်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

အိန္ဒိယက သဘောတူညီချက်များကို ချိုးဖောက်ပြီး ပင်လယ်မျှော့စစ်ဆင်ရေးဖြင့် အဆိုပါ စစ်ရေးစီမံချက်ကို နှိမ်နင်းခဲ့ရာ ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်ရာဇာ အပါအဝင် ကရင်၊ ရခိုင်ခေါင်းဆောင် ၆ ဦး လုပ်ကြံခံခဲ့ရသည်။

ကျန်ရဲဘော် ၃၆ ဦးမှာလည်း အိန္ဒိယ၏ ဖမ်းဆီးခြင်းကို ခံခဲရပြီး ထောင်ထဲတွင် ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ကြသူများထဲတွင် ပါ၀င်ခဲ့သည်။

၂၀၁၁ ခုမတ်လတွင် အခြားရဲဘော်များနှင့်အတူ ကာလကတ္တားအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် နေသာလန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်လာခဲ့သည်။

ကွယ်လွန်သူ ရဲဘော်ကြီး ချန်ဒူးဝန် ရုပ်အလောင်းကို ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် နေသာလန်နိုင်ငံ၌ သင်္ဂြိုဟ်မည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...