ယန်ဟီးလီစီးလာသည့် လေယာဉ် သံတွဲလေယာဉ်ကွင်းတွင် စက်ချို့ယွင်း၍ ရပ်နားထားရ

ယန်ဟီးလီစီးလာသည့် လေယာဉ် သံတွဲလေယာဉ်ကွင်းတွင် စက်ချို့ယွင်း၍ ရပ်နားထားရ
by -
နိရဥ္စရာ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူး အစီအရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ စီးနှင်း လိုက်ပါလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်သည် သံတွဲ လေဆိပ်တွင် စက်ချို့ယွင်းသွားခဲ့၍ ရပ်နားထားရသည်ဟု သတင်းရရှိသည်။

သံတွဲခရိုင် ရဲမှူးကြီး ဦးတင်အုံးက “ ဟုတ်ပါတယ်ခင်ဗျာ။ လေယာဉ်အမှတ် UB 253 ဖြစ်ပါတယ်။ စက်ချို့ယွင်းတဲ့ အတွက် ရပ်နားထားရပါတယ်။ လေယာဉ်အစား လာမှဘဲ ကျောက်ဖြူကို ဆက်သွားရမှာပါ” ဟု ပြောကြားသည်။

၎င်းလေယာဉ်သည် ယနေ့ နံနက်က ရန်ကုန်မြို့မှ သံတွဲ၊ ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ ထွက်ခွာလာရာ သံတွဲလေဆိပ်တွင် ယနေ့ နံနက် ၁၀ နာရီခွဲက စက်ချို့ယွင်းသွားခဲ့သည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...