အလိုတော်ပြည့်ဆရာတော်ကြီးမှ ဦးဆောင်ပြီး ရသေ့တောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ၁၀၃ ကျောင်းအတွက် ကျပ်ငွေ ၄၈ သိန်း ကူညီလှူဒါန်း

အလိုတော်ပြည့်ဆရာတော်ကြီးမှ ဦးဆောင်ပြီး ရသေ့တောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ၁၀၃ ကျောင်းအတွက် ကျပ်ငွေ ၄၈ သိန်း ကူညီလှူဒါန်း
by -
နိရဥ္စရာ
မေလ ၂၉ ရက်နှင့် ၃၀ ရက်နေ့များက တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်မှ ဘုန်းတော်ကြီးကျောင်း ၁၀၃ ထိခိုက် ပျက်စီးခဲ့ရာ ၎င်းကျောင်းများကို ပြန်လည် ပြင်ဆင်ရန် အတွက် ကမ္ဘာသာသနာပြု ကျေးဇူးတော် အရှင် အလိုတော်ပြည့် ဆရာတော်ကြီးကို အမှူးထားပြီး ရန်ကုန် အခြေစိုက် ရသေ့တောင်မြို့နယ် အသင်းနှင့် စင်္ကာပူနိုင်ငံရောက် ရသေ့တောင် လူငယ်များ စုပေါင်း၍ ငွေကျပ် ၄၈ သိန်း ကူညီလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်

၎င်းအလှူငွေများကို ရသေ့တောင်မြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် အခမ်းအနားပြုလုပ်၍ အလိုတော်ပြည့် ဆရာတော်ကြီးကို အမှူးထားပြီး လှူဒါန်းရာ ရဟန်းသံဃာတော် အပါး ၃၀ ခန့်တက်ရောက် လက်ခံယူခဲ့သည်ဟု သိရှိရသည်။

“ ဒီမိုရာ မုန်တိုင်းကြောင့် ဘုန်းကြီးတို့ ရသေ့တောင်မြို့နယ်မှာ ဘုန်းတော်ကြီး ကျောင်းတွေ အများဆုံးပျက်စီးပါတယ်။ ဘုန်းကြီးအနေနဲ့ ကိုယ်မြို့နယ် ကိုယ့်ဒေသ ကိုယ့်ဘာသာအတွက် ရသေ့တောင်မြို့နယ် အသင်းသူ အသင်းသားများနဲ့ ပူးပေါင်းပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ နောက်နောင်လည်း အတတ်နိုင်ဆုံး ကူညီပေးနိုင်အောင်ကြိုးစားပါမယ်” ဟု အလိုတော်ပြည့် ဆရာတော်က မိန့်ကြားသည်။

ယခုလှူဒါန်းငွေ ၄၈ သိန်းတွင် ရန်ကုန်အခြေစိုက် ရသေ့တောင်အသင်းမှ ၄၂ သိန်း၊ စင်္ကာပူရောက် ရသေ့တောင် လူငယ်များမှ ၆ သိန်း ဖြစ်ပြီး ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းကို ၄၇၀၀၀ ကျပ် စီ ကူညီလှူဒါန်းခဲ့သည်ဟု သိရသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...