မောင်တောကို ရောက်ရှိနေသော ဆရာတော် ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံ ဆွေးနွေး

မောင်တောကို ရောက်ရှိနေသော ဆရာတော် ဦးဝီရသူ နယ်ခြားစောင့်ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံ ဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့သို့ ယမန်နေ့က ရောက်ရှိလာသော ဆရာတော် ဦးဝီရသူသည် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ကျီးကန်းပြင် နယ်ခြားစောင့်ရဲ အမှတ်(၁) ကွပ်ကဲရေး ဌာနချုပ်တွင် ကွပ်ကဲရေးမှူး သူရစန်းလွှင်နှင့် တွေ့ဆုံနေသည်ဟု နိရဥ္စရာ သတင်းထောက် အောင်ကျော်မင်း( မောင်တော) က ပြောသည်။

ဆွေးနွေးပွဲတွင် ဦးဝီရသူနှင့် ရဟန်း ၁၀ ပါးခန့် ပါ၀င်ပြီး သတင်းသမားများ ၀င်ခွင့်မရသဖြင့် မည်သည့် အကြောင်းအရာ ကိစ္စများကို ဆွေးနွေးနေသည်ကို မသိရှိသေးဟု သူက ပြောသည်။

“ ဘာတွေကို ဆွေးနွေးကြတယ်ဆိုတာ မသိရဘူး။ သတင်းသမားတွေ တစ်ဦးမှ ၀င်ခွင့်မရဘူး။ အပြင်မှာ ရပ်နေကြရတယ်။ အရင်တော့ အလှူအတန်းကိစ္စတွေနဲ့ ရောက်လာရင် သတင်းသမားတွေကို ၀င်ခွင့်ပြုတယ်။ ဒီတစ်ကြိမ်က ၀င်ခွင့်မရတော့ နည်းနည်း ထူးဆန်းနေပါတယ်” ဟု ပြောဆိုသည်။

ဆရာတော် ဦးဝီရသူသည် မေလ ၃ ရက် နေ့လယ် ၁ နာရီက ရန်ကုန်မှ စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ခေတ္တ သတင်းသုံးကား ယင်းမှ တဆင့် ရေချမ်းပြင်- အငူမော် ကားလမ်းအတိုင်း မောင်တောမြို့သို့ ကြွရောက်လာခဲ့သည်ဟု သိရသည်။

ညနေ ၃ နာရီခွဲတွင် အင်းဒင်၊ ပဲရုံကျေးရွာများသို့ ရောက်ရှိရာ ဒေသခံ ဗုဒ္ဓဘာသာဝင်များက ကြိုဆိုခဲ့ကြပြီး ၎င်းကျေးရွာ ၂ ရွာမှ အိမ်ထောင်စု ၁၉၈ စု၊ လူဦး ၈၂၅ ဦးအား ဆန်အိတ်များနှင့် ကလေးငယ်များ အတွက် စားသောက်ဖွယ်ရာများ လှူဒါန်း ကူညီခဲ့သည်ဟု အောင်ကျော်မင်း (မောင်တော) ကပြောသည်။

ဆရာတော်သည် မောင်တောမြို့နယ်ရှိ တိုင်းရင်းသား ပြည်သူများ အတွက် ဆန်အိတ် ၃၀၀၀ ကိုလှူဒါန်းရန် ရောက်ရှိလာခြင်း ဖြစ်ပြီး အဓိကအားဖြင့် ဆင်းရဲသားမိသားစုများကို ဦးစားပေး လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...