စိတ်ကြွဆေးပြား လေးသိန်းလေးသောင်းနှင့် အတူ ဖမ်းဆီးခံထားရသည့် အရပ်သား နှစ်ဦးကို တရားရုံးတင် ရမန်ယူ

စိတ်ကြွဆေးပြား လေးသိန်းလေးသောင်းနှင့် အတူ ဖမ်းဆီးခံထားရသည့် အရပ်သား နှစ်ဦးကို တရားရုံးတင် ရမန်ယူ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့ သုံးမိုင်စိတ်ဆေးရေးဂိတ်တွင် ဖမ်းမိသူ ၄ ဦးထဲမှ အရပ်သား ၂ ဦးကို မေလ ၂ ရက်နေ့က မောင်တောမြို့နယ်တရားရုံးသို့ ပို့အပ် ချုပ်နှောင်ပြီး ရမန်ယူခဲ့သည်ဟု သိရသည်။

၎င်းတို့နှစ်ဦးမှာ ယာဉ်မောင်း သန်းထွန်းနိုင် (၃၆) နှစ် (ဘ) ဦးသာဘန်းညိုနှင့် ဇော်ဦးတို့ ဖြစ်ကြသည်။

njr0301ကျပ်သိန်းပေါင်း (၈၈၀၀) ခန့် တန်ဖိုးရှိသော စိတ်ကြွ ရူးသွပ်ဆေးပြား (၄၄၀၀၀၀) နှင့် အတူ လူ ၄ ဦးကို ဘူးသီးတောင်မှ မောင်တောသို့ ပါဂျဲရို ခဲရောင် ယဉ်အမှတ် 4 C / 3192 ဖြင့် မောင်းနှင်ယူဆောင်လာစဉ် မောင်တောမြို့ (၃) မိုင်စစ်ဆေးရေးဂိတ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့က မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ဖမ်းဆီးမိခဲ့သည်။

ဖမ်းဆီးခံရသူများမှ ယာဉ်မောင်း သန်းထွန်းနိုင် (၃၆) နှစ် (ဘ) ဦးသာဘန်းညိုနှင့် ဇော်ဦး၊ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ကြည်း ၄၀၉၁၀ ဗိုလ်မှူး ရဲဇေယျာ နှင့် ကပ အမှတ် တ/၃၆၅၉၇၈ တပ်သား သိန်းနိုင်တို့ ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးအထဲမှ ယာဉ်မောင်း သန်းထွန်းနိုင်နှင့် ဇော်ဦးတို့ကို ပြင်ဖြူ နယ်မြေ စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခဲ့ပြီး ဗိုလ်မှူး ရဲဇေယျာနှင့် တပ်သား သိန်းနိုင်တို့ကို အနောက်ပိုင်းတိုင်း တိုင်းမှူး၏ နုတ်အမိန့်ဖြင့် အမှတ်(၅၆၄) တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရန်နိုင်ဦးထံ လွဲပြောင်း ပေးအပ်ခဲ့သည်ဟု သိရသည်။

“ မနေ့က တရားရုံးတင် ရမန်ယူပါတယ်။ အရပ်သား နှစ်ဦးကို အခု စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ တပ်ကလူတွေကိုတော့ တပ်ကဘဲ စစ်ဆေးနေပါတယ်” ဟု မောင်တောမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ပြင်ဖြူ ရဲစခန်းမှ မယ(ပ)၆/၂၀၁၇ မူး/စိတ် ပုဒ်မ- ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်၍ ဒုရဲအုပ် နိုင်လင်းထွန်းမှ စစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...