(၇) ကြိမ်မြောက် ခမီ အမျိုးသားနေ့အခမ်းအနား ဘူးသီးတောင်မြို့တွင် ကျင်းပပြုလုပ်

(၇) ကြိမ်မြောက် ခမီ အမျိုးသားနေ့အခမ်းအနား ဘူးသီးတောင်မြို့တွင် ကျင်းပပြုလုပ်
by -
နိရဥ္စရာ
(၇) ကြိမ်မြောက် ခမီအမျိုးသားနေ့လူထုတွေဆုံပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည် ဟု ပွဲကျင်ပရေးပြန်ကြားရေးတာဝန်ခံ ဦးအင်္ဂါအောင် က ပြောသည်။

အဆိုပါ အခမ်းအနားကို ဘူးသီးတောင်မြို့ရှိ အမှတ်(၁)ဂန္ဓာရီဖွ့ံဖြိုးရေးပရဟိတသင်တန်းကျောင်းတွင် ဧပြီ ၂၇ ရက်နေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၂ ခန့်ထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ခမီတစ်မျိုးသားလုံးစည်းလုံးညီညွွှှတ်မှုရစေချင်တယ်။ ခမီမျိုးနွယ်စုကိုစည်းစည်းလုံးလုံးဖြစ်စေချင်တဲ့ ဆန္ဒနဲ့ အများခေါ်ဝေါ်နေကြတဲ့ ခမီဆိုတဲ့ အရေးအသားအမှန်ရဖို့ အတွက် ပြုလုပ်ရတာပါ” ဟု ပြန်ကြားရေး တာဝန်ခံ ဦးအင်္ဂါအောင်က နိရဥ္စရာသို့ ပြောသည်။

ယင်းအပြင် ညနေပိုင်းတွင် ခမီအမျိုးသားနေ့ ညစာစားပွဲကိုလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ပြီး ညစာစားပွဲတွင် တိုင်းရင်းသားရိုးရာအကများဖြင့် ဖြေဖျော်တင်ဆက်သွားမည်ဟုလည်း သိရသည်။

ခမီ အမျိုးသားနေ့အခမ်းအနားကို ၂ဝ၁ဝ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပျားတဲကျေးရွာတွင် ပထမဆုံးအကြိမ်စတင်ပြုလုပ်ခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...