အောင်ပြည့်စုံခရီးသည်တင်ကား အမ်းမြို့နယ်တွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျရာမှ လူ ၃ဦး ဒဏ်ရာရ

အောင်ပြည့်စုံခရီးသည်တင်ကား အမ်းမြို့နယ်တွင် ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျရာမှ လူ ၃ဦး ဒဏ်ရာရ
by -
နိရဥ္စရာ
ရန်ကုန်မှ စစ်တွေသို့မောင်းနှင်လာသော အောင်ပြည့်စုံခရီးသည်တင်ကားသည် အမ်းမြို့နယ်၊ တောင်စောက် ကျေးရွာအနီး မိုင်တိုင်အမှတ် (၇၅/၁)တွင် ဧပြီလ ၂၇ ရက် နံနက် ၉ နာရီခန့်က ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျသွားသဖြင့် ခရီးသည် ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး အမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသနေရကြောင်း သတင်းရရှိသည်။

စိုးကျော်သူ မောင်းနှင်လာသော 2A / 5072 ဟွန်ဒိုင်းအမျိုးအစား အောင်ပြည့်စုံခရီးသည်တင်ယာဉ် ကုန်ပစ္စည်းအပြည့်ဖြင့် မောင်းနှင်လာစဉ် အနက်ပေ ၁၈၀ ခန့်ရှိ ချောက်ထဲသို့ ထိုးဆင်းသွားကြောင်း၊ ကားပေါ်တွင်ပါလာသူ ခရီးသည်(၆)ဦးအား မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ခဲ့ရကြောင်း၊ ၃ ဦးမှာ ဒဏ်ရာပြင်းထန်၍ အမ်းပြည်သူ့ဆေးရုံတွင် ကုသနေရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

အမ်းမြို့နယ်၊ ငပြယ်ကျေးရွာနေထိုင်သူ ယဉ်မောင်း စိုးကျော်သူ အသက်(၃၈)နှစ်တွင် ၀ဲဘက်နဖူးပေါက်ပြဲ၊ ဦးခေါင်းပေါက်ပြဲ၊ ၀ဲဘက်မျက်လုံးထောင့်ပေါက်ပြဲ၊ ယာပေါင်ရင်းပေါက်ပြဲ၊ ၀ဲခြေဖနောင့် ပေါက်ပြဲ ဒဏ်ရာ ရရှိပြီး စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်နေထိုင်သူ တင်ဝင်းထွန်း အသက်(၂၅)နှစ်တွင် မေးစေ့ ပေါက်ပြဲ၊ ခါးရိုးအောင့်၊ ၀ဲဘက်ခြေဒူးအောက်ပေါက်ပြဲ၊ ခြေလက်နာကျင်ဒဏ်ရာရရှိခဲ့သည်။

အလားတူ မြေပုံမြို့တွင်နေထိုင်သူ ကျော်လင်း အသက်(၂၄)နှစ် တွင် ၀ဲခြေဒူးအောက်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်နား သွေးထွက်၊ ခန္ဓာကိုယ်အောင့်၊ ယာလက်ချိုင်းအောက်ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိသွားပြီး သူတို့ သုံးဦးစလုံးကို အမ်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ်ကုသနေရကြောင်း အမ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အမ်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေး ဦးစီးပြီး တပ်ဖွဲ့ဝင်(၉)ဦးနှင့်အတူ အုပ်ချုပ်မှု ယာဉ်တစ်စီးနှင့် ရှာဖွေကယ်ဆယ်ရေးပြု လုပ်ခဲ့ကြောင်းသိရသည်။

ယဉ်တိမ်းမှောက်မှုကြောင့် မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ ယဉ်ဆုံးရှံုးမှုတန်ဖိုး ကျပ်သိန်း(၁၂၀)ခန့်နှင့် ကုန်ပစ္စည်းတန်ဖိုး ကျပ်သိန်း(၃၀) စုစုပေါင်း ကျပ်သိန်း(၁၅၀)ခန့် ဆုံးရှံုးသွားကြောင်းသိရသည်။

ယဉ်မောင်းဖြစ်သူ စိုးကျော်သူအား အမ်းမြို့နယ်ရဲစခန်းမှ (ပ)၁၀/၁၇၊ ၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဧပြီလ(၂၅)ရက်နေ့ကလည်း အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီး မိုင်တိုင်အမှတ်(၇၄/၁)တွင် ဆီဘောက်ဆာယဉ်တစ်စီး ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ(၅၀)အနက်ရှိ ချောက်ထဲထိုးကျသွားသောကြောင့် တစ်ဦးသေဆုံးခဲ့သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...