ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောခရိုင်တွင် သတ်ဖြတ်ခံရသူ ဘင်္ဂလီ ၃၂ ဦးရှိသွားပြီ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောခရိုင်တွင် သတ်ဖြတ်ခံရသူ ဘင်္ဂလီ ၃၂ ဦးရှိသွားပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အစိုးရနှင့် ပူးပေါင်းသူ ဘင်္ဂလီ လူမျိုးများကို အကြမ်းဖက် အဖွဲ့များမှ လိုက်လံသတ်ဖြတ်နေသည်မှာ အောက်တိုဘာ ၉ ရက် ဖြစ်စဉ်နောက်ပိုင်းမှ ယနေ့ အချိန်ထိ ၃၂ ဦးရှိသွားပြီဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ရခိုင်ပြည်နယ်ဆို်င်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ရဲမှူးကြီး နေသူစိုးက ပြောကြားသည်။

arakan map“အဓိကတော့ဗျာ ဘင်္ဂလီတွေကို သစ္စာဖောက်တယ်လို့ ထင်တဲ့သူ၊ အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ သူတွေလို ယူဆသူတွေကို ဘင်္ဂလီ အကြမ်းဖက်အုပ်စုတွေက လိုက်သတ်တာပေါ့ဗျာ။ ၂၀၁၆ အောက်တိုဘာ ၉ ရက် ဖြစ်စဉ် ပြီးကတည်းက ဒီနေ့ထိ သတ်ဖြတ်ခံရသူ ၃၂ ဦးရှိသွားပါပြီ” ဟု ရဲမှူးကြီး နေသူစိုးက ပြောသည်။

နောက်ဆုံးသတ်ဖြတ်ခံရသူ ဘင်္ဂလီ အမျိုးသားမှာ မောင်တောမြို့နယ် ဖွေယာရွာ အိမ်ထောင်စု အမှတ် (၂၂) နေ တပ်ဦးချောင်းကျေးရွာ အုပ်စုတာဝန်ခံ အာမီအာလီ (၃၈)နှစ် ဖြစ်သည်။ သူ့အား အိမ်၌ရှိနေစဉ် ဧပြီ ၁၇ ရက် ညပိုင်းက အနက်ရောင် မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ အမျိုးသား (၁၀) ဦးခန့်မှ ဓားဖြင့်ခုတ်သတ်မှုဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့က တော့ ဒီမျက်နာဖုံုးစွပ် အကြမ်းဖက်သမားတွေကို စိစစ်ဖော်ထုတ်တုန်း ဖြစ်ပါတယ်။ ဒီလ ၁၉ ရက် ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ အင်းဒင် အနောက်ရွာ (ခ) ထုန်ဆင်းကျေးရွာသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့စဉ်မှာ အဲဒီရွာက မသင်္ကာဖွယ်ရာတွေ့ရှိသူ ၅ ဦး၊ သင်္ဘောကွေ့ ရွာက တစ်ဦး၊ ကျောက်ပန်းတူက တစ်ဦး၊ စုစုပေါင်း ဘင်္ဂလီ ရ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။ သူတို့ က ဓားပြ ခေါင်းဆောင် အဒူလာကိန်းနဲ့ ဆက်စပ် သံသယကြောင့် ဖမ်းတာပါ။ အဒူလာကိန်း အဖွဲ့ကလည်း အဲသလို မျက်နာဖုံးစွပ်ပြီး လူပ်ရှားတတ်လေ့ရှိပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

အကြမ်းဖက်သမားများ ဆက်လက် လူသတ်မှုများ မကျူးလွန်နိုင်ရေး အတွက် လှည့်ကင်းများ ဆောင်ရွက် နေကြောင်း၊ အနီးအနားရှိ ကျေးရွာများတွင်လည်း တပ်စခန်းများရှိပါကြောင်း၊ မသင်္ကာဖွယ်ရာများ တွေ့ရှိပါက အကြောင်းကြားရန် ဖုံးနံပတ်များလည်း ပေးထားကြောင်း၊ ကျေးရွာသာများ၏ သတင်း ပေးမှုကြောင့် များမကြာမီကလည်း အကြမ်းဖက်သင်တန်း တက်ရောက်သူများကို ဖမ်းဆီးမိခဲ့သည်ဟု ရဲမှူးကြီး နေသူစိုးက ပြောကြားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...