ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရတနာ့မာန်အောင်စေတီ စိန်ဖူးတော် ပြန်တင်

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ရတနာ့မာန်အောင်စေတီ စိန်ဖူးတော် ပြန်တင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရတနာ့မာန်အောင်စေတီစိန်ဖူးတော်ကို ဧပြီလ ၂၃ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် တင်ဆောင်ခဲ့သည်ဟု ရတနာ့မာန်အောင် ဂေါပက အဖွဲ့မှ ဦးအောင်သိန်း ကနိရဥ္စရာ သို့ပြောသည်။

njr25021” ထီးတော်က ကျောက်နဲ့လုပ်ထားတဲ့ ကျောက်ထီး နဂို ကတည်းက တင်ပြီးသား။ အခု စိန်ဖူးတော် တင်တာပါ” ဟု သူက ပြောသည်။

အဆိုပါ စိန်ဖူးတော်ကို ရန်ကုန်မြို့ရှိ ဒေါ်ခင်မာဝင်း မိသားစု ကလှူဒါန်းထားခြင်း ဖြစ်ကြောင်း သိသည်။

ထီးတော်တင်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု နှင့် အမ်းမြို့ အနောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးနှင့် တိုင်းမှူး ကတော် တို့ အပါအဝင် အလှူရှင်များ၊ တပည့် တကာ တကာမျများ တက်ရောက်ခဲ့သည်။

စိန်ဖူးတော်ကို ရတနာ့မာန်အောင် ဆရာတော် မှ တင်ပေးခဲ့ဟုလည်း သိရသည်။

လွန်ခဲ့သည့် နှစ် ငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့သည် ထီးတော်ကိုဂေါပကအဖွဲ့မှ ထိန်းသိမ်းထားပြီး ထီးတော် အသစ် တင်ခြင်းဖြစ်သည် ဟုလည်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...