သံတွဲမြို့နယ်တွင်ဖမ်းမိသည့် ဘင်္ဂလီအမျိုးသမီးသုံးဦးကို ယနေ့ တရားစွဲဆိုမည်

သံတွဲမြို့နယ်တွင်ဖမ်းမိသည့် ဘင်္ဂလီအမျိုးသမီးသုံးဦးကို ယနေ့ တရားစွဲဆိုမည်
by -
နိရဥ္စရာ
ခရီးသွားလာခွင့် အထောက်အထားတစ်စုံတရာမပါဘဲ သံတွဲမြို့နယ်တွင်းသို့ ၀င်ရောက်လာ၍ ဖမ်းဆီး ခံခဲ့ရသည့် ဘင်္ဂလီ အမျိုးသမီး(၃)ဦးကို ယနေ့ ဧပြီ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသားမှတ်ပုံတင် ဥပဒေအရ သံတွဲမြို့နယ် တရားရုံးတွင် ဦးတိုတိုက်လျှေက် တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။

ဖမ်းမိသူူများ၏ အမည်များမှာ မသာကျော်ဘာနုန်၊ မနုန်ဘာနုန်နှင့် မဟာစီနာ တို့ဖြစ်ကြပြီး ဧပြီလ ၂၂ ရက် ည ၁၀ နာရီ ကျော် အချိန်တွင် သံတွဲမြို့နယ်၊ တောင်ကျေးရွာတွင် ဖမ်းဆီးမိခဲ့ကြောင်း သံတွဲမြို့နယ် လဝကဦးစီးမှူး ဦးလင်းအောင် က နိရဥ္စရာသို့ ပြောသည်။

“ သူတို့ သုံးဦးကို ခံဝန်နှင့်လွှတ်ထားပြီး ဧပြီ ၂၄ ရက် ဒီကနေ့မှာ မြန်မာနိုင်ငံအမျိုးသားမှတ်ပုံတင် ဥပဒေ အရ တရားရုံးတွင် ဦးတို်က်လျှောက်တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ သူတို့ကို ခံဝန်နဲ့ လွတ်ထား ပါတယ်။ သူတို့က ပြည်တွင်းနေပါ။ နိုင်ငံခြားသားမဟုတ်တဲ့အတွက် ၂၄နာရီထက် ချုပ်ထားလို့ မရပါ။ ဧပြီ ၂၄ရက်နေ့မှာ တရားရုံးကို ဦးတိုက်လျှောက် တရားစွဲဆိုသွားမယ်။ မြန်မာနိုင်ငံ အမျိုးသားမှတ်ပုံတင် နည်းဥပဒေ အပိုဒ် ၂၉(၁)အရ ဥပဒေပုဒ်မ ၆၂၊ ၆၃ နဲ့တရားစွဲဆိုသွားမယ်’’ဟု သူကဆိုသည်။

၎င်းအမျိုးသမီး ၃ ဦးမှာ ပေါက်တောမြို့နယ် သဲချောင်းမှ လာရောက်ခြင်းဖြစ်ကြောင်း သံတွဲမြို့နယ် လဝကဦးစီးမှူး ဦးလင်းအောင်ဆက်လက် ပြောဆိုသည်။

‘‘ လူမျိုးအနေနဲ့ကတော့ ဘင်္ဂလီပါ။ ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းက လာတာပါ။ ပေါက်တောကနေ တစ်ဆင့် ကျောက်ဖြူ၊ ရမ်းဗြဲမြို့နယ်က လာတာပါ။ သူတို့လမ်းကြောင်းအတိုင်း သံတွဲကတစ်ဆင့် သူတို့ ရှေ့ဆက်သွားမယ့် လမ်းကြောင်း ရှိရင် ရှိနိိုင်တယ်။ သူတို့ကတော့ ကျောက်ဖြူမြို့နယ်မှာ အိမ်ထောင်စု စာရင်းရှိပါတယ်။ အမတ မှတ်ပုံတင်မပါရှိတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပါတယ်။ မည်သူမဆို မိမိမြို့နယ်က ထွက်ခွာလာရင် မှတ်ပုံတင်ယူဆောင်လာဖို့ ဥပဒေရှိပါတယ်။ မှတ်ပုံတင် မပါလာတဲ့ အတွက် အမတ ဥပဒေနဲ့ အရေးယူသွားဖို့ရှိပါတယ်’’ဟု လဝကဦးစီးမှူး ဦးလင်းအောင် ကပြောသည်။

၎င်းဘင်္ဂလီအမျိုးသမီး(၃)ဦးထဲတွင် အသက်(၁၀)နှစ် အရွယ် အမျိုးသမီးငယ် တစ်ဦး၊ (၁၇)နှစ်တစ်ဦးနှင့် (၅၀)နှစ် တစ်ဦးတို့ ပါ၀င်သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...