ဘင်္ဂလာဒေ့ရှ် UN ဒုက္ခသည်စခန်းတွင် နေထိုင်သူ တစ်ဦး စိတ်ကြွမူးယစ်ဆေးပြားများနှင့် အတူ အဖမ်းခံရ

ဘင်္ဂလာဒေ့ရှ် UN ဒုက္ခသည်စခန်းတွင် နေထိုင်သူ တစ်ဦး စိတ်ကြွမူးယစ်ဆေးပြားများနှင့် အတူ အဖမ်းခံရ
by -
နိရဥ္စရာ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဖွင့်လှစ်ထားသော တက်ကနက်မြို့နယ် နာယာပါရာ ဒုက္ခသည်စခန်းမှ ဒုက္ခသည် တစ်ဦးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ စိတ်ကြွဆေးပြား တစ်သောင်းကျော်နှင့် အတူ ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်။

၎င်းဖမ်းဆီးခံရသူမှာ အာဘူကာဆိမ်း (၄၀) ဖြစ်ပြီး နာယာပါရာ ဒုက္ခသည် စခန်း E Block အခန်းနံပတ် ၉၇၈/၀၆ တွင် နေထိုင်သူ ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ BGB အမှတ်(၂) တပ်ရင်းမှူး ဗိုလ်မှူးကြီး အဘူဇာအာလ်ဇာဟစ်ကို ကိုးကားပြီး Cox’sbazar News တွင် သတင်းဖော်ပြသည်။

အာဘူကာဆိမ်းသည် သိန်း သုံးဆယ် ရှစ်ထောင်ငါးရာ တာကာ တန်ဖိုးရှိသော စိတ်ကြွဆေးပြား တစ်သောင်း နှစ်ဆယ့်ငါးပြားအား အထုပ်ကလေးများ လုပ်ပြီး ခါးတွင် ချည်နှောင်ကာ မြန်မာနယ်စပ် အနီးရှိ တက်ကနက်မြို့မှ ဘတ်စ်ကားစီးပြီး ကော့စ်ဘဇားသို့ ယူဆောင်လာစဉ် တက်ကနက်မြို့မှ အထွက် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် စစ်ဆေးရေးစခန်း ဒေါင်ဒေါင်ညာ တွင် ရှာဖွေရာမှ ဖမ်းမိခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

သူ့အား ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခွဲတွင် ဖမ်းမိခြင်းဖြစ်ပြီး သူ့တွင် ပါလာသော ဖုန်းကိုလည်း သိမ်းဆည်းလိုက်သည်ဟု သိရသည်။

မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက်မြို့နယ်ရှိ နာယာပါရာ ဒုက္ခသည်စခန်းသည် မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဘင်္ဂလီလူမျိုးများအတွက် UN က ဖွင့်လှစ်ထားသော စခန်း တစ်ခု ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...