အဆိုပါဘုရားပွဲတော်ကို ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ကျင်းပ သွားမည်ဟုလည်း သိရသည်။
” ဒီနှစ်က မြို့ခံတွေစုပေါင်းလှူဒါန်းထားတဲ့ ထီးတော်အသစ်တင်ပွဲကို အဓိက ထားပြီးတော့ ဗုဒ္ဓပူဇနိယပွဲကိုလုပ်တာပါ။ နှစ်စဉ်နှစ်တိုင်းလညး် ဧပြီ ၂၇ ရက်နေ့ဆို စည်စည်ကားကား ကျင်းပနေတာဖြစ်ပါတယ် “ဟု ကျောက်တော်တောင်ဘုရားဂေါပကဥက္ကဋ္ဌ ဦးအောင်ထွန်းစိန်က နိရဥ္စရာသို့ပြောသည်။
အဆိုပါဘုရားပွဲတော်တွင် အသံမစဲပဋ္ဌာန်းပွဲ၊ ရခိုင်ရိုးရာ ပြိုင်လောင်းပြိုင်ပွဲ၊ ရိုးရာကျင်ကိုင်ပွဲ၊ ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ညပွဲအဖြစ် အဆင့်မြင့်ဇာတ်သဘင်နှင့် အခြားပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
“ဒီပွဲက မြစ်ထဲမှာရေကစားကြရတာဖြစ်တဲ့အတွက် လောင်း၊ သမ္ဗာန်ပေါ်ကနေ လိမ့်ကျပြီး လူအသေ အပျောက်ရှိတတ်တဲ့အတွက် သတိထားပျော်ရွှင်ကြဖို့လိုပါတယ်”ဟုလည်း မြို့ခံတစ်ဦးက ဆိုသည်။
ကျောက်တော်တောင်ဘုရားတွင် အနယ်နယ်အရပ်ရပ်က ပွဲတော်လာပရိသတ်ကလည်း မြစ်ကမ်း တစ်လျှောက် လောင်းလှေ၊ သမ္ဗာန်နှင့် မော်တော်ဘုတ်များစီးပြီး အချင်းချင်း ရေပက် ကစား တတ်ကြသည့်အတွက် ရခိုင်ပြည်နယ်၏ ဒုတိယသင်္ကြန်ပွဲလို့ ဒေသခံများက သတ်မှတ် ထားကြသည်။
(ယခင်က ကျင်းပခဲ့သည့် ကျောက်တော်တောင် ဘုရားပွဲမြင်ကွင်း)







