ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ မြတန်ဆောင်း (ဘက) ကျောင်းသို့ လှူဒါန်းသည့် အဝီစိတွင်းနှင့် ရေတိုင်ကီ တူးဖော်တပ်ဆင်ပြီးစီး

ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ မြတန်ဆောင်း (ဘက) ကျောင်းသို့ လှူဒါန်းသည့် အဝီစိတွင်းနှင့် ရေတိုင်ကီ တူးဖော်တပ်ဆင်ပြီးစီး
by -
နိရဥ္စရာ
နယ်သာလန်အခြေစိုက် ၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆင်ချဆိပ် ရပ်ကွက်သစ်ရှိ မြတန်ဆောင်း ဘုန်းတော်ကြီးသင်ကျောင်းအတွက် လှူဒါန်းခဲ့သည့် အဝီစိတွင်းမှာ တူးဖော်ပြီးစီးသွားပြီ ဖြစ်ကာ ရေတိုင်ဂီ၊ မော်တာနှင့် ရေပိုက်များမှာလည်း တပ်ဆင်ပြီးစီးသွားပြီဟု သိရသည်။

“မြတန်ဆောင်းကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေ အဆင်ပြေပြေ ပညာသင်ကြားနိုင်ဖို့အတွက် အခုလိုမျိုး လှူဒါန်းရခြင်းဖြစ်ပါတယ်”ဟု ၂/ ၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးသိန်းအောင်ကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဝီစိတွင်း၊ ရေတိုင်ဂီနှင့် ရေပိုက်များကို ရခိုင်အမျိုးသားရေးအတွက် လှုပ်ရှားနေသူ အမျိုးသားရေး နိုင်နိုင်မှ တစ်ဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

nrj2102၁၀ သိန်းကျပ်တန်ဖိုးရှိတဲ့ အဝီစိတွင်း၊ ရေတိုင်ဂီနဲ့ ရေပိုက်တွေကို တပ်ဆင်ပေးနေပါတယ်။ အဝီစိတွင်းနဲ့ ရေတိုင်ဂီ၊ ရေပိုင်တွေလည်း တပ်ဆင်ပြီးစီးပါပြီ”ဟု အမျိုးသားရေးနိုင်နိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောဆိုခဲ့သည်။

၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းမှ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်ခဲ့ပြီး စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲထောင်ထဲတွင် အကျဉ်းကျခံနေရသူများအတွက်လည်း အမျိုးသားရေး နိုင်နိုင်မှ တစ်ဆင့် မကြာသေးမီက ငွေကျပ် ရ သိန်းဖို့ ကူညီပံ့ပိုးပေးခဲ့သည်ဟု သိရသည်။

၂/၁၁ ဗိုလ်ရာဇာဖောင်ဒေးရှင်းကို နယ်သာလန်ရောက် ရခိုင်တပ်မတော်မှ ရဲဘော်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး ပညာရေး၊ ကျန်းမာရေးနှင့် အမျိုးသားရေးအတွက် လိုအပ်သည့်နေရာများတွင် တတ်နိုင်သလောက် ပံ့ပိုးကူညီနေသည့် အဖွဲ့ ဖြစ်သည်။ ယခင်ကလည်း ရခိုင်ပြည်နယ် နေရာဒေသ အသီးသီးတွင် အကူအညီများ ပေးအပ်ထားပြီးဖြစ်သည်ဟု လေ့လာသိရှိရသည်။

(ဓါတ်ပုံ-အမျိုးသားရေးနိုင်နိုင်)

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...