မောင်တောခရိုင်ရှိ အစိုးရဝန်ထမ်းများအား လစာ ၂ ဆ ထပ်မံခံစားခွင့်ပြု

မောင်တောခရိုင်ရှိ အစိုးရဝန်ထမ်းများအား လစာ ၂ ဆ ထပ်မံခံစားခွင့်ပြု
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ အစိုးရဝန်ထမ်းများအား လစာ ၂ ဆ ထပ်မံခံစားခွင့်ပြုလိုက်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေက နိရဥ္စရာသို့ အတည်ပြုပြောသည်။

“ဒီဒေသက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးတော့ ကုန်စျေးနှုန်းကလည်း နယ်စပ်ဆိုတော့ စျေးများတယ်လေ။ ကျွန်တော်တို့ရဲ့ တခြားဒေသတွေမှာရှိတဲ့ ဝန်ထမ်းလစာမျိုးတွေနဲ့ဆိုရင် အဆင်မပြေလို့၊ နဂိုကတည်းကနေ ဒီဒေသက လစာပိုပေးတဲ့ဒေသပါ။ အခုကတော့ လစာ ၂ ဆပေးတာပေါ့။”ဟု ဦးတင်မောင်ဆွေက ပြောသည်။

မောင်တောခရိုင်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် အစိုးရဝန်ထမ်းများအနေဖြင့် ၂ဝ၁၇ ခုနှစ်၏ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက် မူရင်းလစာ၏ ၂ ဆကို ၃ လစာခံစားခွင့်ရရှိမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မတ်လ ၃၁ ရက်နေ့တွင် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“ဒါ့အပြင် နေ့စားဝန်ထမ်းတွေကိုလည်း တစ်နေ့လုပ်အားခ အရင် တစ်ယောက်ကို ကျပ် ၅ ထောင်ရတဲ့နေရာမှာ အခု တစ်နေ့ကို ကျပ် ၆၅ဝဝ တိုးမြှင့်ပေးလိုက်ပါတယ်”ဟုလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆိုသည်။

မောင်တောခရိုင်အတွင်းရှိ အစိုးရဝန်ထမ်းများအား ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်ကလည်း အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့အတွက် မူရင်းလစာ၏ ၂ ဆကို ခံစားခွင့်ပေးခဲ့သည်ဟုလည်း သိရသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...