EU သံတမန်အဖွဲ့ ရခိုင်အမျိုးသားပါတီ ANP မောင်တောရုံး သို့ လာရောက်တွေ့ဆုံ

EU သံတမန်အဖွဲ့ ရခိုင်အမျိုးသားပါတီ ANP မောင်တောရုံး သို့ လာရောက်တွေ့ဆုံ
by -
နိရဥ္စရာ
Dr.Colin Staeinbach ဦးဆောင်သော ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံတမန် ၉ ဦး ပါ အဖွဲ့သည် မတ်လ၂၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရခိုင်အမျိုးသားပါတီ မောင်တောရုံး သို့ လာရောက်တွေ့ဆုံခဲ့သည်။

၎င်းအဖွဲ့အား ရခိုင်အမျိုးသားပါတီ (မောင်တော) အထွေထွေ အတွင်းရေးမှူး ဦးကျော်ဝင်း နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း အပါအဝင် ပါတီ CEC အဖွဲ့ဝင်များ ကလက်ခံတွေ့ဆုံပြီး အမြင်သဘောထားများဖလှယ်ခဲ့ကြကြောင်းသိရပါသည်။

ဂျာမနီသံတမန် Dr.Colin Staeinbach က အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ပြဿနာ၏ အကျိုးသက်ရောက်မူ ကို မေးမြန်ခဲ့သည်။

မောင်တောမြို့နယ်ANP ပါတီမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးထွန်းလှချေက ယခု မောင်တောဒေသတွင် လူနည်းစုမှာ ရခိုင်လူမျိုးများ ဖြစ်ကြောင်း၊ အစစအရာရာ ကြောက်လှန့်ပြီး နေထိုင်ရသော အနေအထားတွင် ရှိနေကြောင်း၊ အကြောက်တရားများကြောင့် နယ်ရပ်စွန့်ခွာမှုများရှိလာနေကြောင်း၊ ဆင်းရဲသား လူတန်းစားများအနေဖြင့် စားဝတ်နေရေးအတွက် ဂဏန်းရှာ၊ ဖားရှာ ပြီး စားသောက်နေကြရာတွင် ဘင်္ဂလီမွတ်ဆလင်များမှ ရန်ပြုမှုများရှိနေ၍ လွတ်လပ်စွာ လုပ်ကိုင်စားသောက်၍ မရတော့ကြောင်း၊ အများစုမှာ ဘဂလီ မွတ်ဆလင်များ အကြမ်းဖက် ရန်ပြုလာမည်ကို အမြဲတန်း စိုးရိမ်နေရသည့် အနေအထားတွင် ရှိနေကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။

၎င်းပြင် ဦးထွန်းလှချေက “နိုင်ငံတကာအမြင်မှာတော့ ရခိုင်တွေကဘဲ ရန်ပြုနေကြတယ်လို့ ထင်ကြပေမယ့် အမှန်ဆိုရင် ဘင်္ဂလီတွေကဘဲ ကျွန်တော်တို့ကို အကြမ်းဖက် သတ်ဖြတ်နေတာပါ။ ဒါကို အထောက်အထားတွေနဲ့ တင်ပြခဲ့ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ANP ပါတီရဲ CEC တစ်ဦးဖြစ်တဲ့ ကိုကျော်စိုးမိုး က ” ၂၀၁၂ ပြသနာမှာ လူမျိုးရေး ဘာသာရေးပြသနာ ဖြစ်ပေမယ့် ၂၀၁၆ ပြသနာကတော့ အချုပ်အချာအာဏာ ကိုထိပါးလာနေတဲ့ အဆင့်ကို ရောက်ရှိလာနေတာပါ” ဟု ရှင်းပြပြောဆိုခဲ့သည်ဟု ဆိုသည်။

Dr.Colin Staeinbach က အောက်တိုဘာ ၉ ရက် ပြဿနာ ဖြစ်ပွားပြီးတဲ့နောက်တွင် မွတ်ဆလင်တွေ နဲ့ ရခိုင်တွေ စကားပြောဆက်ဆံမှု ရှိသလား၊ အကြမ်းဖက်မူတွေကြောင့် ရခိုင်လူထု ကြောက်လန့်မူမရှိစေရန် မွတ်ဆလင် အဖွဲ့အစည်းများက လာရောက် ပြောဆိုခြင်းများ ရှိသလားဟု မေးမြန်းခဲ့သည်ဟု ဆိုသည်။

ANP ဗဟိုအလုပ်အမှုဆောင် ကိုမောင်ဝင်းသိန်းက မောင်တောဒေသ တစ်ခုလုံးမှာ မွတ်စလင် ၉၈ ရာခိုင်နှုန်းရှိပြီး ရခိုင်က ၂ ရာခိုင်နှုန်းသာ ရှိသဖြင့် နေ့စဉ် စီးပွားရေး အရ မောင်တောတွင် ကူးလူး ဆက်ဆံမှုများရှိကြောင်း ၊ သို့သော်လည်း ယုံကြည်စိတ်ချမူ မရှိကြောင်း၊ အကြမ်းဖက်မူများကြောင့် ရခိုင်လူထုအား စိုးရိမ်မူများ မရှိ ကြရန် မွတ်ဆလင် အဖွဲ့အစည်းများမှ လုံးဝ လာရောက် ပြောဆိုမှု မရှိကြောင်း၊ သူတို့ ကိုယ်တိုင်ကလည်း အစွန်း ရောက် မွတ်ဆလင်များနှင့် တစ်သဘောတည်း အနေအထား ဖြစ်နေတာတွေရကြောင်း ရှင်းပြ ပြောဆိုခဲ့သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...