ခိုင်မျိုးထွန်းကို စွဲချက် တင်သင့်/မတင်သင့် ဧပြီ ၅ ရက်နေ့ အမိန့်ချမည်

ခိုင်မျိုးထွန်းကို စွဲချက် တင်သင့်/မတင်သင့် ဧပြီ ၅ ရက်နေ့ အမိန့်ချမည်
by -
နိရဥ္စရာ
တပ်မတော်၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးခံထားရသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခိုင်မျိုးထွန်းအား စွဲချက် တင်သင့်/မတင်သင့်ကို ဧပြီလ ၅ ရက်နေ့တွင် အမိန့်ချသွားမည်ဟု အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ အထက်တန်းရှေ ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက နိရဥ္စရာသို့ ပြောသည်။

“စွဲချက်မတင်သင့်ဘူးလို့ အမိန့်ချရင် လွှတ်မယ်။ တင်သင့်တယ်လို့အမိန့်ချရင် ခိုင်မျိုးထွန်းအပါအဝင် သူပြတဲ့သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု အထက်ပါရှေ့နေက ပြောသည်။

ခိုင်မျိုးထွန်းအား စွဲချက် တင်သင့်/မတင်သင့်ကိစ္စနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့က လျှောက်လဲချက် ပေးလိုက်ပြီဟုလည်း ဆိုသည်။

“စွဲချက်တင်သင့်/မတင်သင့် လျှောက်လဲချက်ပြီးမှ စွဲချက်အမိန့်ကို ချရတာဖြစ်ပါတယ်”ဟုလည်း ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ဦးငြိမ်းချမ်းက နိရဥ္စရာသို့ ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ပြန်ကြားရေးတာဝန်ခံ ခိုင်မျိုးထွန်းသည် ပြီးခဲ့သည့်နှစ် ဧပြီလက မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ရာတွင် မြန်မာ့ တပ်မတော်ဘက်က ဒေသခံများကို ပေါ်တာဆွဲခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည်ဟု စွပ်စွဲခဲ့သည်။

ယင်းစွပ်စွဲချက်မှာ မဟုတ်မှန်ဘဲ တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟုဆိုကာ တပ်မတော် အရာရှိ တစ်ဦးက သူ့အား ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...