ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင် အမ်းတွင် လာရောက်ဖြေဖျော်

ရခိုင်အမျိုးသားပါတီ အောင်နိုင်ရေး ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင် အမ်းတွင် လာရောက်ဖြေဖျော်
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီမှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ အေးမောင် အနိုင်ရရှိရေး အတွက် ရခိုင်အဆိုတော် ၀င်းကိုခိုင်သည် တစ်ခြားအဆိုတော်များ ဖြစ်ကြသည့် ဒိုးအ်ရီနှင့် L ကိုလင်းတို့နှင့် အတူ ဖြေဖျော်ရန် အမ်းတွင် ရောက်ရှိနေပြီဟု သတင်း ရရှိသည်။

ရခိုင်အမျိုးသားပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဖြေဖျော်ပွဲကို အမ်းမြို့တွင် မတ်လ ၂၉ ရက်နေ့ ည၌ ဖျော်ဖြေကြမည်ဖြစ်သည်။

“ကျနော်တို့ကတော့ ရခိုင်အမျိုးသားပါတီ ဆိုတာက ရခိုင်လူမျိုးတွေရဲ့ ကိုယ်စားပြုပါတီဖြစ်ပြီးတော့ ကျနော်တို့ကလည်း ရခိုင်လူမျိုးတွေ ဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီနဲ့ အတူတူရှိတယ်၊ နောက်တခုက ဘာပဲဖြစ်ဖြစ် ရခိုင်လူမျိုးတွေမှာ ကိုယ်စားပြုပါတီ တခုရှိရမယ်၊ တစုတစည်းတည်း ရှိရမယ်၊ အဲ့သဘောကိုလည်း ကျနော်တို့က သဘောကျတယ်။ အဲ့ဒါကြောင့် ကျနော့်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ အနုပညာနဲ့ ၀ိုင်းရံပေးတယ်ဆိုတဲ့ သဘောပါပဲ”ဟု ၀င်းကိုခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သူက ဆက်လက်၍ “ကျနော် အရင်က ANP အတွက် သီချင်းတွေ ရေးပြီးတော့ ထုတ်ထားတာတွေရှိတယ်။ ကျနော်အနေနဲ့ ANP နဲ့ အတူတကွ လက်တွဲ လုပ်လာပြီးတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီချင်းတွေ ဆိုဖူးပါတယ်။ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ကျနော့်ကို ဖိတ်ခေါ်တဲ့အတွက် လာရောက် ဖျော်ဖြေရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...