ရခိုင်အမျိုးသားကောင်စီအတွင်းရေးမှူးဟောင်း ဦးမောင်မောင် စစ်တွေတွင် ကွယ်လွန်

ရခိုင်အမျိုးသားကောင်စီအတွင်းရေးမှူးဟောင်း ဦးမောင်မောင် စစ်တွေတွင် ကွယ်လွန်
by -
နိရဥ္စရာ
ရခိုင်အမျိုးသားကောင်စီ(ANC) အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သူ ဦးမောင်မောင် (၈၃) နှစ် သည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပတောင်ရပ်ကွက်ရှိ ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ရုံးတွင် မတ်လ ၂၂ ရက် ညနေ ၆ နာရီကျော်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

2017 03 24 09 13 19 Start“သူဟာ မနက်ပိုင်းက နည်းနည်းလောက် နေမကောင်းဖြစ်ပြီးတော့ ညနေ ၆ နာရီကျော်မှာ ရုတ်တရ ကွယ်လွန်သွားခဲ့တာပါ”ဟု ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဦးမောင်မောင်သည် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းတွင် တောခိုခဲ့ကာ ဗမာပြည် ကွန်မြူနစ်ပါတီ ရခိုင်ဒေသ၌ တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

ဦးမောင်မောင်၏ အမည် အရင်းမှာ အောင်သာကျော် စစ်တွေ တကသ အမှုဆောင် အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၆၂ (၇ ဂျုလိုင် ကျောင်းသားခေါင်းဆောင်) ကွန်မြူနစ်ပါတီ ရခိုင်ပြည်နယ်ကော်မတီ အဖွဲ့ဝင် အတစ်ဦးဖြစ်သည်။

၁၉၉၈ ခုနှစ်က မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ ရခိုင်ဒေသမှ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များ အစိုးရထံ လက်နက်ချ ငြိမ်းချမ်းရေး ယူသွားစဉ် လိုက်ပါသွားခြင်း မရှိဘဲ ကျန်ရစ်ခဲ့ပြီးနောက် မြန်မာ-ဘင်္ဂလား နယ်စပ်၌ တောထဲရှိ မြိုရွာ တစ်ရွာတွင် အခက်အခဲများဖြင့် နေထိုင်နေစဉ် နိရဥ္စရာ သတင်းဌာန ဦးခိုင်မြတ်ကျော်မှ ဒက္ကားမြို့ပေါ်သို့ ခေါ်ယူခဲ့ပြီး နိရဥ္စရာတွင် ဘာသာပြန် တာဝန်များကို လအနည်းငယ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ဦးကျော်ဟန် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသား လူငယ်များ လူငယ်များ အစည်းအရုံးသို့ ရောက်ရှိပြီး နာယက အဖြစ်ဆောင်ရွက်ခဲ့သည်။

၂၀၀၄ ခုနှစ် ရခိုင်အမျိုးသားကောင်စီကို အိန္ဒိယနိုင်ငံ၌ ဖွဲ့စည်းတည်ထောင်သော အခါ ဦးမောင်မောင်သည် အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

၂၀၀၈ ခုနှစ်မှ စတင်ပြီး ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးတွင် နေထိုင်ပြီး ရခိုင်အမျိုးသားကောင်စီတာဝန်ကို ထမ်းဆောင်ယင်း ရခိုင် တော်လှန်ရေး မျိုးဆက်သစ်များကို တော်လှန်ရေးသဘောတရားများ မျှဝေပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် ဦးအောင်မင်းဦး ဦးဆောင်သည့် ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအအဖွဲ့နှင့်အတူ မြန်မာ-ထိုင်း နယ်စပ်မှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲသို့ ရောက်ရှိလာခဲ့သည်။

၎င်းရုံးတွင်ပင် ကွယ်လွန်ချိန် ၂၀၁၇ ခု မတ်လ ၂၂ ရက်နေ့ထိ စစ်တွေမြို့ ရခိုင့်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးအအဖွဲ့ နေထိုင်သွား ခဲ့ကြောင်း သိရသည်။

သူသည် ကွယ်လွန်ချိန်အထိ အိမ်ထောင် မပြုခဲ့ကြောင်း လေ့လာသိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...