ဗြိတိန် အခြေစိုက် MAUK မှ အကူအညီများ မောင်တောသို့ ရောက်ရှိ

ဗြိတိန် အခြေစိုက် MAUK မှ အကူအညီများ မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ
ဗြိတိန်နိုင်ငံ အခြေစိုက် အန်ဂျီအို တစ်ခု ဖြစ်သည့် MAUK(Ma International United Kingdom) Serving Humanity မှ မောင်တောဒေသတွင် ကူညီထောက်ပံ့ပေးမည့် ပစ္စည်းများသည် မောင်တောမြို့သို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုရောက်ရှိလာသည့် ပစ္စည်းများမှာ ဆန်၊ ဆီ၊ ပဲ၊ သကြား၊သွားတိုက်ဆေး၊ သွားပွတ်တံ၊ အိုးတိုက်ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ဆပ်ပြာမူန့်၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ပလတ်စတိတ်ရေဗူး စသည့် ပစ္စည်း ၂၄ မျိုး ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီလ ၁၇ ရက်နဲ့ ၁၈ ရင် တွေမှာ ဖြန့်ဝေနိုင်ဖို့ မျှော်လင့်ထားပါတယ်။ မျှဝေပေးမှာကရွာပေါင်း ၄၃ ရွာမှ အိမ်ထောင်စုပေါင်း ၃၅၀၀ အတွက် ရည်မှန်ထားပါတယ်။ ဘယ်ရွာတွေ ဖြစ်မလဲ ဆိုတာကတော့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးက ရွေးချယ်ချပေးမှာပါ” ဟု Senior Program & Government Relationship Officer ဦးကျော်မိုးဝင်းက ပြောသည်။

၎င်းအန်ဂျီအိုသည် ၂၀၁၆ အောက်တိုဘာ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရခိုင်ကျေးရွာ တစ်ချို့ အပါအဝင် ဘင်္ဂလီကျေးရွာများသို့ အကူအညီပေးခဲ့သည်။

“ ပထမ အကြိမ် အကူအညီတွေကိုတော့ ကုန်ခဲ့တဲ့နှစ် ဒီဇင်ဘာလ၂၃ ၊ ၂၄ နဲ့ ၁၅ ရက်တွေမှာ ဖြန့်ဝေပေးခဲ့ပါတယ်။ ကျေးရွာတွေကတော့ နွားရုံတောင်၊ အောင်ဗလ၊ အထက်ပြူးမ၊ ပြူးမ ကညင်တန်း၊ ကပ္ပကောင်း၊ စံပ္ပယ်ပင်ရင်း၊ သရက်အုပ်၊ သိဟိုကျွန်း၊ ခွေလာဘင်္ဂကာ စတဲ့ ရွာတွေပါ။ ဘင်္ဂလီအိမ်ထောင်စု ၂၅၀၀နဲ့ ရခိုင်အိမ်ထောင်စု ၂၅၀၀၊ စုစုပေါင်းအိမ်ထောင်စု ၅၀၀၀ကို ဖြန့်ဝေပေးခဲ့ပါတယ်” ဟု ဦးကျော်မိုးဝင်းက ပြောသည်။

ဒုတိယအကြိမ် အကူအညီကို ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့ထိ ဖြန့်ဝေပေးခဲ့ပြီး သလူချောင်း (တောင်ရွာ၊ မြောက်ရွာ) ၊ အလယ်ရွာ ပယင်းတောင်၊ ရေခပ်ချောင်းခွဆုံ၊ ကန်ပြင်၊ သူဦးလာ၊ ဝက်ပိုက်၊ ဒကြီးစား စသည့် ဘင်္ဂလီရွာများမှ အိမ်ထောင်စု ၁၃၅၀ ကို ဖြန့်ဝေ ပေးခဲ့သည်ဟု ဆိုသည်။

MAUK အန်ဂျီအို၏ ရုံးများမှာ ရန်ကုန်နှင့် စစ်တွေတွင် တည်ရှိပြီး ရခိုင်၊ ရှမ်း (လာရှိုး) ကူညီမှုများ ပြုလုပ်နေသကဲ့သို့ ဧရာဝတီတိုင်းတွင်လည်း နာဂစ်တုန်းက ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...