ကျောက်ဖြူတွင် တောမီးလောင်ရာမှ သီဟိုဠ်ပင် ၃၀၀၀ ခန့် ဆုံးရှံုး

ကျောက်ဖြူတွင် တောမီးလောင်ရာမှ သီဟိုဠ်ပင် ၃၀၀၀ ခန့် ဆုံးရှံုး
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ ကလန့်တဲကျေးရွာအုပ်စု၊ ကလန့်တဲ့ကျေးရွာ အနောက်ဘက် ဇင်ချောင်း-ကင်း ကားလမ်း၏ အထက်တောကွင်းတွင် မတ်လ ၁၄ ရက် နေ့လည် ၁ နာရီကျော်ခန့်က တောမီး လောင်ကျွမ်းမှုကြောင့် သီဟိုဠ်ပင် ၃၀၀၀ ခန့် ဆုံးရှံုးသွားကြောင်းသတင်းရရှိသည်။

ကလန့်တဲကျေးရွာနေ ဒေါ်မတုတ်ချေ အသက်(၆၂)နှစ်၏ သီဟိုဠ်ခြံစိုက်ခင်း(၂၄)ဧက အတွင်းရှိ သီဟိုဠ်ပင် ၃၀၀၀ ခန့် မီးလောင်ကျွမ်းသွားပြီး တွက်ချက်မှုအရ ကာလတန်ဖိုး ကျပ်ငွေ(၁၅)သိန်းခန့် ဆုံးရှံုး သွားကြောင်း ဇင်ချောင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်း ကပြောသည်။

‘‘ သီဟိုဠ်ပင်က သက်တမ်းနှစ်ပေါင်း(၂၀)လောက်ရှိတဲ့အတွက် မီးဝင်သွားပေမယ့် အပင် အားလုံး မသေနိုင်ပါ။ ပြန်ပြီး အပင်ရှင်သန်လာနိုင်တယ်။ ဒါပေမယ့် ဒီနှစ်အတွက်သီးနှံကတော့ ဆုံးရှံုးသွားပါပြီး။ ခန့်မှန်းတန်ဖိုးကတော့ ကျပ်(၁၅)သိန်းခန့်ရှိပါတယ်။ အဲဒီနေရာမှာ မြက်ပင်တွေကလည်း ဒူးလောက်တိ ရှည်တော့ ဆေးလိပ်မီးပစ်လွှတ်လိုက်ရင်တောင်ကျနိုင်တယ်။ ဒေသခံတွေ သတင်းပေးချက်အရ မီးလောင်နေလို့ လိုက်သွားတာပါ။ ဘယ်ကနေစလောင်သလဲဆိုတာကိုတော့ အတိအကျမသိသေးပါ။ စုံစမ်းနေဆဲဖြစ်ပါတယ်’’ဟု သူကပြောသည်။

တောမီးလောင်ကျွမ်းမှုသတင်းအရ ဇင်ချောင်းရစခန်းမှူးနှင့်အဖွဲ့၊ စနဲမြို့မီးသတ်စခန်းမှ လက်ထောက်ဦးစီးနှင့်အဖွဲ့၊ ကလန့်တဲကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့ သွားရောက်စစ်ဆေးကြရာ သီဟိုဠ်ခြံအား မီးလောင်နေသည်ကိုတွေ့ရှိရ၍ ရွာသူရွာသားများနှင့် ပူးပေါင်းမီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၃ နာရီခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

မီးလောင်ရသည့်အကြောင်းအရင်းအား ဇင်ချောင်းရဲစခန်းမှူး ရဲအုပ်ခင်မောင်ဝင်းနှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦီးစီးဌာနမှ စုံးစမ်းလျက်ရှိကြောင်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...