ကျောက်တော်မြို့နယ်တွင် မတ်လ ၆ ရက် လေပြင်းတိုက်၍ ပျက်စီးသွားသည့် အိုးအိမ်များကို ပြန်ပြင်ရန် အရေးပေါ် အကူအညီများလိုအပ်နေ

ကျောက်တော်မြို့နယ်တွင် မတ်လ ၆ ရက် လေပြင်းတိုက်၍ ပျက်စီးသွားသည့် အိုးအိမ်များကို ပြန်ပြင်ရန် အရေးပေါ် အကူအညီများလိုအပ်နေ
by -
နိရဥ္စရာ
မတ်လ ၆ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အလယ်ကျွန်းအုပ်စု ရွှေပြည်ရွာမတွင် အိမ် ၄၅ ဆောင် ပျက်စီးဆုံးရှုံးခဲ့ရာ ပျက်စီးသွားသည့် အိမ်များကို ပြန်လည် တည်ဆောက်ရန်နှင့် မီးဖိုချောင်းသုံးပစ္စည်များ၊ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု သတင်း ရရှိသည်။

“လေပြင်းတိုက်ခတ်လို့ အိမ်တွေပျက်စီးသွားတဲ့သူတွေထဲမှာ အိမ်လုံးဝ ပျက်စီးသွားသူတွေဟာ ရတာလေးတွေကို စုပြီး တဲထိုးပြီး နေနေကြရပါတယ်။ အိမ်တွေ ပျက်စီးသွားတဲ့ အပြင် အိုးတွေ၊ ပုဂံတွေ လည်း လေနဲ့ ပါသွားတဲ့အတွက် ချက်စားစရာ အိုးမရှိ ဖြစ်နေတယ်။ အခု အရေးပေါ် လိုအပ်နေတာကတော့ အိမ်ပြန်တည်ဆောက်ဖို့နဲ့ အိုးတွေ၊ စားနပ်ရိက္ခာတွေပါ”ဟု ရွှေပြည်ရွာမသို့ ကိုယ်တိုင်သွားရောက်ခဲ့သည့် ကျောက်တော်မြို့နယ် အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ဝင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

အဆိုပါ ပျက်စီးဆုံးရှုံးသူများအတွက် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အများအပြား ပျက်စီးသွားသူများအတွက် ၅ သောင်းကျပ်၊ တစ်ချို့တစ်ဝက် ပျက်စီးသူများအတွက် ၂ သောင်းကျပ်နှင့် တစ်သောင်းကျပ်အပြင် မိသားစု တစ်စုကို အိုးတစ်လုံးစီနှင့် အဝတ်အထည်များ ထောက်ပံ့ထားသည်ဟု သိရသည်။

မတ်လ ၆ ရက်နေ့ လေပြင်းကြောင့် ရွှေပြည်ရွာမ၌ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“လေပြင်းကြောင့် ရွှေပြည်ရွာမ ကျေးရွာမှာ ဒဏ်ရာရရှိခဲ့တွက် လူငယ်တစ်ဦး စိုးရိမ်ရပါတယ်။ လေပြင်းတိုက်တဲ့နေ့က ခေါင်မိုးမပါရအောင် ဆွဲထားရာကနေ သူဟာ ခေါင်မိုးနဲ့အတူ လေထဲ လွင့်ပါသွားပြီးတော့ ခါးမှာ ဒဏ်ရာရတာ အခုထိ မထနိုင်ဖြစ်နေပါတယ်”ဟု ကိုဇော်ဝင်းက ပြောသည်။

ဒဏ်ရာရရှိသူမှာ မောင်နိုင်နိုင်ဦး အသက် ၂၄ နှစ် (ဘ ဦးထွန်းလှခိုင်) ဖြစ်ကြောင်း သိရသည်။

အလယ်ကျွန်းကျေးရွာတွင်လည်း ကြက်ကောင်ရေ ၂၀၀၀ ခန့် မွေးမြူထားသည့် ကြက်ခြံ တစ်ခြံ ပျက်စီးသွားပြီး ကြက်ကောင်ရေ ၁၀၀ ကျော် သေဆုံးသွားသည်ဟု ဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...