မောင်တောတွင် ရခိုင်နှင့်ဘင်္ဂလီ အမျိုးသမီးများကို ပေါင်းစုပြီး အိမ်တွင်းကုန်ထုတ်လုပ်မှု သင်တန်းပို့ချ

မောင်တောတွင် ရခိုင်နှင့်ဘင်္ဂလီ အမျိုးသမီးများကို ပေါင်းစုပြီး အိမ်တွင်းကုန်ထုတ်လုပ်မှု သင်တန်းပို့ချ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် အမျိုးသားရေး သဟဇာတ ဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ CDNH မှ ရခိုင် အမျိုးသမီးများနှင့် ဘင်္ဂလီအမျိုးသမီးများအား ပေါင်းစုပြီး အိမ်တွင်း ကုန်ထုတ်လုပ်မှု သင်တန်းကို ပို့ချပေးနေကြောင်း သတင်းရရှိသည်။

၎င်းသင်တန်းအား မောင်တောမြို့ မြို့မ ကညင်တန်းရှိ Center for Diversity and National Harmony ( CDNH) ရုံးတွင် နှစ်ဘက် ရခိုင်နှင့် ဘင်္ဂလီ အမျိုးသမီးများကို ဖိတ်ခေါ်ပြီး မတ်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ ၂ ရက်ပြုလုပ်နေကြောင်း သိရသည်။

သင်တန်းတွင် မျက်နှာသစ် ဆပ်ပြာရည်၊ ခေါင်းရှော်ရည်နှင့် အဆင့်မြင့်ဖက်စုံသုံး ဆပ်ပြာထုတ်လုပ်နည်းများကို စာတွေ့ နှင့် လက်တွေ့သင်ကြား ပြသပေးနေကြောင်း ၀ါရင့် ပရိုဂမ် မန်နေဂျာ ထန်ကျင်ထောင်းက ပြောကြားသည်။

“ ကျွန်တော်တို့က မောင်တောမှာ ၂ ရက်သင်ပြပြီးတာနဲ့ ဘူးသီးတောင်မှာ ၂ ရက် ဆက်သင်ပြမယ်။ နောက် အလယ်သံကျော်နဲ့ ကြိမ်ချောင်းကျေးရွာတွေမှာလည်း ၂ ရက်စီ သင်ပြပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းသားက မိန်ကလေးများသာဖြစ်ပြီ ဘင်္ဂလီနဲ့ ရခိုင် ညီတူညီမျှ ဦးရေ အရေအတွက် ခေါ်ယူပြီး သင်ပြခြင်းဖြစ်ပါတယ်။ သင်တန်း တစ်ခုမှာ သင်တန်းသူ ၅၀ သတ်မှတ်ထားပါတယ်” ဟု ထန်ကျင်ထောင်းက ပြောသည်။

သင်တန်းကို ရန်ကုန်မြို့မှ နည်းပညာရှင်များ ဖြစ်ကြသည့် ဒေါ်နီနီမာ၊ ဒေါ်ငြိမ်းသက်သက်မောင်၊ ဒေါ်တင်တင်အေး တို့ အပါအဝင် သင်တန်းဆရာမ ၄ ဦးတို့က သင်ကြားပေးလျှက် ရှိကြောင်း သိရသည်။

“ မောင်တောမှာ ဆိုရင် မကျည်းကုန်း ၄ မိုင်၊ ၃ မိုင်၊ ကင်းချောင်း၊ မောင်နီရွာ၊ ဝိမလ စတဲ့ ရခိုင်ရွာနဲ့ ဘင်္ဂလီ ကျေးရွာက အမျိုးသမီးတွေကို ဖိတ်ခေါ်ပြီး သင်ပေးနေခြင်းဖြစ်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးများနှင့် ဘင်္ဂလီအမျိုးသမီးများကို အတူတကွ သင်တန်းပေးရခြင်းမှာ လူမှုစီးပွားဘဝ အဆင်ပြေစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း ထန်ကျင်ထောင်က ပြောကြားသည်။

“ ကျွန်တော်တို့ CDNH အနေနဲ့ ပဠိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေ မှာ လူမူစီးပွားဘဝ အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ဒီလို သင်တန်းမျိုး ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ နောက်ထပ်ပြီးတော့လဲ ဒေသ ထွက်ကုန် တွေ နဲ့ ပြုလုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုကို သင်ကြားပို့ချသွားမှာပါ။ ဥပမာပြောရရင် ဆီးသီးယိုလုပ်ငန်းနဲ့ အုန်းသီယိုလုပ်ငန်း စတာတွေကို တစ်ပိုင်တစ်နှိင် ဝင်ငွေရရှိရေး အတွက် အကျိုးပြုနိုင်မယ့် အသေးစား လုပ်ငန်းတွေ အဖြစ် သင်ကြား ပို့ချပေးသွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောဆိုသည်။

ရခိုင်အမျိုးသမီးများနှင့် ဘင်္ဂလီအမျိုးသမီးများအား အတူတကွ သင်တန်းပေးခြင်းမှာ ယခု တစ်ကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...