နိုင်ငံသားစိစစ်ရေးကဒ်များထုတ်ပေးမှု ဥပဒေနှင့်မညီ၍ ရခိုင်တစ်ပြည်နယ်လုံး ကန့်ကွက်ဆန္ဒပြရန် စစ်တွေအထူးအစည်းအဝေးမှဆုံးဖြတ်

နိုင်ငံသားစိစစ်ရေးကဒ်များထုတ်ပေးမှု ဥပဒေနှင့်မညီ၍ ရခိုင်တစ်ပြည်နယ်လုံး ကန့်ကွက်ဆန္ဒပြရန် စစ်တွေအထူးအစည်းအဝေးမှဆုံးဖြတ်
by -
နိရဥ္စရာ
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဘင်္ဂလီ လူမျိုးများအား နိုင်ငံသား စိစစ်ရေးကဒ်များထုတ်ပေးနေရာတွင် တည်ဆဲ ဥပဒေများနှင့် ကိုက်ညီမှု မရှိ၍ မတ်လ ၁၉ ရက်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး ကန့်ကွက်ဆန္ဒပြရန် စစ်တွေ အထူးအစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်ဟု သတင်းရရှိသည်။

njr1101ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်ကဲတော်မင်း ဘုန်းကြီးကျောင်းတွင် မတ်လ ရ ရက်နေ့မှ ၈ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ပြုလုပ်ခဲ့သာ ၎င်းအထူးအစည်းအဝေးမှ ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

၎င်းအစည်းအဝေးသို့ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် (၃) ခုမှ ကိုယ်စားလှယ်များ၊ စည်းကမ်း ထိန်းသိမ်းရေး သံဃာတော်များ(စစ်တွေ)မှ တာဝန်ရှိ သံဃာတော်များ၊ အနောက်တံခါး ကူညီစောင့်ရှောက်ရေးအဖွဲ့ (စစ်တွေ) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၎င်းအစည်းအဝေးတွင် မောင်တောနှင့် ဘူးသီးတောင်တို့တွင် နိုင်ငံသာ စိစစ်ရေးပြုလုပ်နေရာ၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် အညီစစ်ဆေးခြင်း မပြုလုပ်ဘဲ မောင်တောမြို့၌ဘင်္ဂလီ ၂၁ ဦးအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု၊ နောက်ထက် ၁၄ ဦးအား (ပြု)နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု၊ ၎င်း နိုင်သားဖြစ်ခွင့် ရသူများနှင့် နိုင်ငံသား(ပြု)ခွင့်ရသူ မိဘ များမှ ဆင်းသက်လာသော အရွယ်မရောက်သေးသော အသက်(၁၈)နှစ်မပြည့်သေးသူ ၁၈ ဦးအား နိုင်ငံသားကဒ်များ ထုတ်ပေးမှု စသည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

၎င်းကဲ့သို့ ထုတ်ပေးနေမှုမှာ ဥပဒေနှင့် မညီသဖြင့် ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ဆန္ဒပြကန့်ကွက်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်ဟု ၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူ မောင်တော ဒေသခံ တစ်ဦးက ပြောသည်။

“ စုစုပေါင်း ၅၃ ဦး ကို နိုင်သား စိစစ်ရေး ကဒ်များ ထုတ်ပေးထားလိုက်ပါပြီ။ ဒီလို ထုတ်ပေးတာဟာ နိုင်ငံတော် သမ္မတကြီး လမ်းညွှန်ထားတဲ့ နိုင်ငံသား လျှောက်ထားသူများ ပထမဆုံး NVC စိစစ်ကဒ်တွေ ပထမ ထုတ်ပေးရမယ်။ အဲဒီနောက် နိုင်ငံသား ပေးသင့်သလား၊ မပေးသင့်ဘူးလား စိစစ်ရမယ်။ အခု တစ်ခါတည်း တန်းပြီး နိုင်ငံသားကတ် ထုတ်ပေးနေတော့ နိုင်ငံတော် သမ္မတ လမ်းညွှန်ချက်နဲ့လည်း မကိုက်ညီသလို ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မှု အက်ဥပဒေနဲ့လည်း ဆန့်ကျင်နေတာကို တွေ့ရပါတယ်။ ဒီလို လုပ်ဆောင်နေတဲ့ အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန် ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းမောင်တော ဒေသခံက ပြောကြားသည်။

စစ်တွေ အထူးအစည်းအဝေးက မတ်လ ၁၉ ရက်နေ့တွင် ရခိုင်ပြည်နယ် ၁၇ မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့တို့တွင်လည်း တစ်ချိန်တည်းတစ်ရက်တည်း ဆန္ဒထုတ်ဖော်မူပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသလို မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ပူးပေါင်းအဖွဲ့တို့မှ စစ်တွေသို့ လာရောက် ဆန္ဒ ထုတ်ဖော်မူပြုလုပ်ရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။

၎င်းအပြင် မြို့နယ်ပေါင်းစုံမှ ကိုယ်စားလှယ်များသည် မတ်လ ၂၀ မှ ၂၇ ရက်နေ့ထိ (နံနက် ရ နာရီမှ ညနေ ၅ နာရီထိ) ၈ ရက်တိုင်တိုင် စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံရှေ့တွင် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်သွားမည်ဟုလဲ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

သဘောတူညီချက်နှင့် ပတ်သက်ပြီး စစ်တွေ ဘူသီးတောင် မောင်တော ရသေ့တောင် ကိုယ်စားလှယ်များမှ လက်မှတ် ရေးထိုးပြီး သဘောထားထုတ်ပြန်ချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...