ရခိုင်ပြည်နယ် လွှတ်တော်ရေးရာကော်မတီများမှ မြို့နယ် ၆ ခုသို့ ကွင်းဆင်းစစ်ဆေးမည်

ရခိုင်ပြည်နယ် လွှတ်တော်ရေးရာကော်မတီများမှ မြို့နယ် ၆ ခုသို့ ကွင်းဆင်းစစ်ဆေးမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် လွှတ်တော် ရေးရာကော်မတီ ၄ ခုမှ တာဝန်ရှိသူများသည် အစိုးရမှ အကောင်အထည်ဖော်နေသော လုပ်ငန်းများကို စိစစ်ရန်နှင့် လိုအပ်သော နေရာများတွင် ညှိနိုင်းပေါင်းစပ်နိုင်ရေးတို့ကို လုပ်ဆောင်နိုင်ရန် အတွက် ရခိုင်ပြည်နယ် မြို့နယ် ၆ ခုသို့ ယနေ့ နံနက်မှ စတင်ပြီး ပြည်နယ်မြို့တော် စစ်တွေမှ ခရီးထွက်ခွာသွားခဲ့ကြသည်ဟု သတင်းရရှိသည်။

ယခု ထွက်ခွာသွားသော ရခိုင်ပြည်နယ် လွှတ်တော်ရေးရာ ကော်မတီ ၄ ခုမှာ ဆောက်လုပ်ရေး ကော်မတီ၊ လယ်ယာသားငါးကော်မတီ၊ ပညာ/ ကျန်းမာ ကော်မတီနှင့် စည်ပင်ကော်မတီတို့ ဖြစ်ကြပြီး ယခုခရီးစဉ်တွင် စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၉ ဦး ပါ၀င်သည်ဟု သိရသည်။

၎င်းလွှတ်တော်ရေးရာ ကော်မတီ ၄ ခုသည် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ တောင်ကုတ်နှင့် သံတွဲမြို့တို့တွင် အစိုးရမှ အကောင်အထည်ဖော်နေသော ဆောက်လုပ်ရေး လုပ်ငန်းများ၊ လယ်ယာ တာတမံ ဆည်မြောင်း တည်ဆောက်နေမှုများ၊ ပညာရေး ကျန်းမာရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များ၊ စည်ပင်၏ လုပ်ငန်းများကို လိုအပ်သော နေရာများတွင် စိစစ်သွားမည်ဖြစ်လို တစ်ဘက်တွင်လည်း စီမံကိန်းများ အောင်မြင်နိုင်ရန် အတွက် ပေါင်းစပ် ညှိနိုင်းမှုများ ပြုလုပ်ပေးသွားမည်ဟု ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောသည်။

ပါ၀င်ကြသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ ဦးအောင်ဝင်း (မြေပုံ)၊ ဦးဦးသန်းနိုင်(ရသေ့တောင်)၊ ဦးမောင်မောင်(ကျောက်တော်)၊ ဦးမောင်အုန်း ( မောင်တော)၊ ဦးကျော်ဝင်း(မြောက်ဦး)၊ ဦးသန်းမောင်ဦး (ရမ်းဗြဲ)၊ ဦးဖိုးစံ (ကျောက်ဖြူ)၊ လှအောင်ညွှန့်(မင်းပြား) နှင့် ဦးအောင်ကျော်ထွီး( ပေါက်တော) တို့ ဖြစ်ကြသည်။

“ ခရီးစဉ်က ရ ရက်ကြာပါမယ်။ ဒီ ရ ရက်အတွင်းမှာ ၆ မြို့နယ်က လုပ်ငန်းတွေကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်း အောင်မြင်မှု ရှိ/မရှိနဲ့တကယ် လုပ်/ မလုပ် စတာတွေကို စစ်ဆေးသွားမှာပါ။ တွေ့ရှိချက်တွေကိုတော့ နောက်လာမယ့် ရခိုင်ပြည်နယ် လွှတ်တော်မှာ တင်ပြသွားရမှာ ဖြစ်ပါတယ်” ဟု ဦးဦးသန်းနိုင်က မြို့နယ် ၆ ခုသို့ ခရီး မထွက်ခွာမီ နိရဥ္စရာသို့ ပြောကြားသည်။

ရခိုင်ပြည်နယ် လွှတ်တော်ကို ယမန်နေ့က စပြီး ခေတ္တ ရပ်နားခဲ့ကာ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၇- ၂၀၁၈ ရခိုင်ပြည်နယ် ဘတ်ဂျက်ကို အတည်ပြုပြီးမှ ရခိုင်ပြည်နယ် လွှတ်တော်ကို ပြန်လည် စတင်မည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...