ကိုယ့်မြို့၊ ကိုယ့်ဒေသ တိုးတက်ရေး ဆောင်ပုဒ်နဲ့ စည်းရုံးရေးဆင်းနေကြောင်း အမ်း ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းငြိမ်းပြော

ကိုယ့်မြို့၊ ကိုယ့်ဒေသ တိုးတက်ရေး ဆောင်ပုဒ်နဲ့ စည်းရုံးရေးဆင်းနေကြောင်း အမ်း ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းငြိမ်းပြော
by -
နိရဥ္စရာ
ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ လစ်လပ်နေသော ပြည်သူ့လွှတ်တော်နေရာကို ကြံ့ခိုင်ရေး ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးသောင်းငြိမ်းက သူ့အနေဖြင့် ကိုယ့်မြို့၊ ကိုယ့်ဒေသ တိုးတက်ရေး လုပ်ဆောင်ဖို့ဆိုသည့် ဆောင်ပုဒ်ဖြင့် စည်းရုံးရေးဆင်းနေကြောင်း ပြောကြားသည်။

aung daung kp“ ကျွန်တော်တို့ အဓိကတော့ ကျွန်တော်တို့ ကိုယ့်မြို့၊ ကိုယ့်ဒေသ တိုးတက်ဖို့အတွက် လုပ်ဆောင်ဖို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ စည်းရုံးရေးဆင်းနေပါတယ်” ဟု အသက် ၅၄ နှစ်ရှိပြီ ဖြစ်သော ဦးသောင်းငြိမ်းက ပြောသည်။

ကြံ့ခိုင်ရေး ပါတီအနေဖြင့် အမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးတိုးတက်အောင် အရင် အာဏာရတုန်းက ဘာများ လုပ်ဆောင်ခဲ့တာ ရှိပါသလဲဟု မေးမြန်းရာ သူက “ ကျွန်တော်တို့ပါတီအနေနဲ့ခေါင်းဆောင်တွေ အနေနဲ့ ကျွန်တော်တို့ ၂၀၁၀-၂၀၁၁ မှာ အမ်းမြို့နယ်ကြီးကို တစ်ဟုန်ထိုး တိုးတက်အောင်လုပ်ခဲ့တာတွေ မျက်ဝါးထင်ထင် အများကြီးရှိခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြား ပြောဆိုသည်။

လူထု၏ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲဟု မေးမြန်းရာ သူက “လူထုရဲ့တုန့်ပြန်မှုက အားရစရာ ကောင်းပါတယ်။ လူထုရဲ့ လိုအပ်ချက်ကလည်းကို်ယ့်မြို့ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ဖို့အဓိက လိုအပ်နေတဲ့အချိန်ဖြစ်လို့ ပါ” ဟု ပြန်လည် ဖြေကြား ပြောဆိုသည်။

ယခုအခါ ကြံံ့ခိုင်ရေး ပါတီ အနေဖြင့် အမ်းမြိုှု့နယ်တွင် ရွာပေါင်း ၁၅၀ လောက်တွင် မဲဆွယ်စည်းရုံး ဟောပြောမှု ပြီးသွားပြီ ဖြစ်ကြောင်း၊ အဓိက ပြိုင်ဘက်မှာ ANP မှ ဒေါက်တာ အေးမောင်နှင့် NLD က ဦးဇော်ဝင်းမြင့် ဖြစ်ကြောင်း၊ နှစ်ယောက်လုံးကို လျှော့တွက်၍ မရကြောင်း ပြောဆိုသည်။

“ ကျွန်တော်အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာရင် ဒေသအနေနဲ့ လူမှူရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့ ကဏ္ဍတွေကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့က ဆောင်ရွက် သွားဖို့ ပေါ်လစီ ချမှတ်ထားပါတယ်။ ရွေးကောက်ပွဲကို အမ်းလူထုက စိတ်ဝင်စားကြပါတယ်။ လူထုကလည်း ရွေးကောက်ပွဲကို တခဲနက် စိတ်ဝင်စားနေကြတယ်” ဟု ပြောဆိုသည်။

၎င်းပြင်သူက “ ကိုယ့်ဒေသခံပေါ့။ ကိုယ်က အမ်းမှာမွေး၊ အမ်းမှာ နေတဲ့သူတွေဆိုတော့ ကျွန်တော်တို့ ဒေသခံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဆထက်တပိုး တိုးတက်အောင် ဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်လို့ ပြောကြားချင်ပါတယ်” ဟု ပြောဆိုသွားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...