“ ပေါ်နေတဲ့ လှေနဲ့ ခရီးသွားမှ လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မည်” ဟု NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်မှ

“ ပေါ်နေတဲ့ လှေနဲ့ ခရီးသွားမှ လိုရာပန်းတိုင်ကို အမြန်ဆုံးရောက်နိုင်မည်” ဟု NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ဝင်းမြင့်မှ
လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမ်းမြို့နယ်မှ လစ်လပ်နေသော ပြည်သူ့ လွှတ်တော် နေရာအတွက် NLD မှ ပါ၀င်ယှဉ်ပြိုင်မည့် ဦးဇော်ဝင်းမြင့်မှ မဲဆွယ်စည်းရုံးရေး ပြုလုပ်နေရာ အမ်းမဲဆန္ဒရှင်များကို ပေါ်နေသည့် လှေနဲ့ ခရီးသွားမှ လိုရာပန်းတိုင်ကို အမြန် ရောက်နိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်။

njr0801မတ်လ ၄ ရက်နေ့က နိရဥ္စရာ သတင်းဌာနမှ အင်တာဗျူး ပြုလုပ်စဉ် အမ်းမဲဆန္ဒရှင်များကို မည်သို့ ပြောလိုပါသလဲ ဟု မေးမြန်းရာ ဦးဇော်ဝင်းမြင့်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ကျွန်တော်တစ်ခု ပြည်သူ့ကိုပြောချင်တာကတော့ ပေါ်နေတဲ့ လောင်းလှေနဲ့ ပေါ်တစ်ဝက် မြုပ်တစ်ဝက် လောင်းလှေ နှစ်စီးမှာ ပေါ်နေတဲ့ လောင်းလှေနဲ့ခရီးသွားမယ် ဆိုရင် လိုရာပန်းတိုင်ကို အမြန် ရောက်နိုင်တာပေါ့ဗျာ။ ပေါ်တစ်တစ်ဝက် မြုပ်တစ်ဝက် လောင်းလှေနဲ့ခရီးသွားရင်တော့ လိုရာပန်းတိုင်ကို ရောက်နိုင်မလားဆိုတာက မသေချာဘူးပေါ့။ ကျွန်တော်ပြောချင်တာကတော့ အဲလောက်ပါပဲ” ဟု ပြောဆိုသည်။

ပေါ်နေသည့် လှေမှာ NLD ဟု ပြောဆိုလိုပုံရပြီး ပေါ်တစ်တစ်ဝက် မြုပ်တစ်ဝက် လှေမှာ မည်သည့်ပါတီကို ရည်ညွှန်းကြောင်း သူက ပြောဆိုခြင်း မရှိပေ။

ဦးဇော်ဝင်းမြင့်မှ အမ်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့့ချုပ် ( NLD ) မှလည်း မဲဆွယ်စည်းရုံးရေးကို မတ်လ ဆန်းကတည်းက စတင်ပြုလုပ်နေပြီ ဖြစ်ပြီ ဖြစ်ကြောင်း၊ မဲဆွယ် စည်းရုံးရေးမှာ အားရကျေနပ်စရကောင်းကြောင်း ပြောဆိုသည်။

“ မဲဆွယ် စည်းရုံးရေးက သုံးပုံတစ်ပုံလောက်တော့ ပြီးနေပါပြီ။အမှတ် (၁)နယ်မှာ သုံးပုံနှစ်ပုံကျော်ပြီပေါ့၊ အမှတ် (၂) နယ်မှာကတော့ သုံးပုံတစ်ပုံပဲရောက်သေးတယ်” ဟု ဦးဇော်ဝင်းမြင့်က ပြောဆိုသည်။

ယခု တစ်ကြိမ်တွင် “ အပြောင်းအလဲကိုဆောင်ကျဉ်းဖို့ NLD ကို မဲပေးစို့” ဆောင်ပုဒ်ဖြင့် မဲဆွယ် စည်းရုံး နေကြောင်း၊ တချို့နေရာများတွင် အဆင်မပြေသလို တချို့နေရာများတွင် တော်တော် အဆင်ပြေတာ တွေ့ရကြောင်း ဦးဇော်ဝင်းမြင့်က ပြောကြားသည်။

အမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာလျှင် အမ်းမြို့နယ် တိုးတက်ရေး အတွက် ဆောင်ရွက်မည့် အစီအစဉ်များကို မေးမြန်းရာ သူက ယခုလို ပြောသည်။

“ ဒီအမ်းမြို့နယ်မှာ မတ်ပဲစိုက်မယ့် ကိစ္စကို တောင်သူတွေ စိတ်ဝင်စားအောင် စည်းရုံးပြီးတော့ အမ်းမြို့နယ်တစ်ခုလုံး မတ်ပဲတ ကောင်းကောင်းစိုက်မယ်လို့ အဲ့တစ်ခုတော့ ကျွန်တော့်ဆုံးဖြတ်ချက်ချထားပါတယ်။ ကျွန်တော် လုပ်ထား တာကိုပြောတာပါ။ နောက်တစ်ခုက အမ်းမြို့နယ်ရဲ့ အဓိက လိုအပ်ချက်တွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လန်းပမ်းဆက်သွယ်ရေး ကိစ္စတွေမှာ အဓိကလိုအပ်ချက်တွေမှာ ကျွန်တော် တောင်းဆိုသွားဖို့လို့ ရည်ရွယ် ထားပါတယ်” ဟု ပြာဆိုသည်။

အမ်းမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိက ပြိုင်ဆိုင်ရမည့်သူများမှာ ပြိုင်ပွဲမည့် ANP ၊ NLD နှင့် တစ်သီး ပုဂ္ဂ လွှတ်တော်ကိုယ်စားလှယ် အားလုံးပင် ဖြစ်ကြောင်း၊ အားလုံးကိုယ်စားလှယ် မည်သူ့ကိုမှ လျော့တွက်လို့ မရနိုင်ကြောင်း ပြောဆိုသည်။

Most read this week

January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...