နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တရားဥပဒေနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေး

နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် တရားဥပဒေနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေး
by -
နိရဥ္စရာ
ထိုင်းနိုင်ငံ ကော့စမွီ၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သတ်ပြီး ဖမ်းဆီး သေဒဏ်ပေးခံရသူ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ အယူခံလွှာကို ထိုင်းနိုင်ငံ အယူခံတရားရုံးမှ ထပ်မံ ပယ်ချလိုက်သဖြင့် သူတို့ အမှုနှင့် ပတ်သက်ပြီး ကူညီ ဆောင်ရွက်ပေးနိုင်ရန် ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ မိခင်များမှ မတ်လ ၃ ရက်နေ့က နိုင်ငံတော် အကြီးအကဲများဆီသို့ အသနားခံစာ တစ်စောင် ရေးသားပေးပို့လိုက်သည်ဟု သတင်းရှိသည်။

“ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်ထောင်စုလွှတ်တော် နာယက၊ တရားဥပဒေနဲ့ အထူးကိစ္စများ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ တို့ဆီ ၀င်းဇော်ထွန်းနှင့် ဇော်လင်း တို့ အတွက် မိခင် ဖြစ်သူတွေရဲ့ ကိုယ်စား ကျွန်တော်က အသနားခံစာတင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလ ၃ ရက်နေ့က ဖြစ်ပါတယ်” ဟု ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ အမှုကို မိသားစုများနှင့်အတူ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ဦးကျော်အေးမောင်က နိရဥ္စရာသို့ ပြောကြားသည်။

ယခုလို အသနားခံစာတင်ထားသော်လည်း တရားဝင် အကြောင်း ပြန်ကြားချက် မရသေးကြောင်း သိရသည်။ စာထဲတွင် ရေးသားထားသော အဓိက အကြောင်းအရာကိုလည်း ဦးကျော်အေးမောင်က ယခုလို ဆက်လက် ပြောဆိုသည်။

“ အဓိက အနှစ်သာရအားဖြင့် ဒီကလေးတွေ အတွက် အယူခံတင်တယ်။ အယူခံတင်တဲ့ နေရာမှာ ကျလို့ရှင် ထိုင်းရှေ့နေများကောင်စီ၊ ပြင်ပ အဖွဲ့အစည်း တွေနဲ့ လုပ်ရတဲ့ အခါကျတော့ အဓိက ဘာ အားနည်းချက်တွေ ရှိနေသလဲဆိုရင် အဖွဲ့အစည်းတွေ အများကြီးဖြစ်နေ အချိန်မှာ ဘယ်အဖွဲ့အစည်းက ဦးဆောင်ပြီးတော့ ထိထိရောက်ရောက် ဦးဆောင်လို့ လုပ်တယ်ဆိုတာထက် နိုင်ငံတော ်အစိုးရက အနေနဲ့ ဒီအယူခံကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ အကုန်လုံး စုပေါင်း လုပ်ရင်၊ စုစည်းပြီး လုပ်ရင် ဒီအယူခံက နောက်ဆုံး အယူခံ ဖြစ်တဲ့ အတွက် အရမ်းကို အရေးကြီးတဲ့ အတွက် ပိုသင့်တော် ကောင်းမွန်မှာ ဖြစ်တဲ့ အတွက် ခုလို လုပ်ဆောင်ပေးဖို့ စာရေး အသနားခံရတာ ဖြစ်ပါတယ်” ဟု ဦးကျော်အေးမောင်က ပြောကြားသည်။

သေဒဏ်ချမှတ်ခံထားရသူ နှစ်ဦးထဲမှ ဇော်လင်းမှာ ကျောက်ဖြူမြို့နယ် မီးကျောင်းရေသောက် ကျေးရွာမှ ဖြစ်ပြီး ၀င်းဇော်ထွန်းမှာ ကျောက်ဖြူမြိုကနယ် ကာပီချောင်းကျေးရွာမှဖြစ်ကြသည်။ သူတို့နှစ်ဦးသည် ၂၀၁၄ အောက်တိုဘာလ ၁၅ ရက်နေ့၌ ထိုင်းနိုင်ငံ ကော့စမွီ လိပ်ကျွန်းတွင် ံ ဗြိတိန် ဆယ်ကျော်သက် လူငယ်နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး လူသတ်တရားခံများ အဖြစ် စွပ်စွဲခံထားရပြီး ထိုင်းတရားရုံးက ဒေသဏ်ပေးထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...