မြောက်ဦးလေယာဉ်ကွင်းကို ဆက်ဖောက်လုပ်ရန် ပြည်ထောင်စုအစိုးရကို ရခိုင်ပြည်နယ်လွှတ်တော်က တိုက်တွန်းမည်

မြောက်ဦးလေယာဉ်ကွင်းကို ဆက်ဖောက်လုပ်ရန် ပြည်ထောင်စုအစိုးရကို ရခိုင်ပြည်နယ်လွှတ်တော်က တိုက်တွန်းမည်
by -
နိရဥ္စရာ
ရပ်တန့်နေသည့်မြောက်ဦးလေယာဉ်ကွင်းစီမံကိန်းအား ဆက်လက်တည်ဆောက်သင့်ကြောင်း ပြည်ထောင်စုအစိုးရ သို့တိုက်တွန်းကြောင်း အဆိုကို ပြည်နယ်လွှတ်တော်က သဘောတူဆုံးဖြတ်လိုက်ပြီဟု အဆိုတင်သွင်းသူ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးထွန်းသာစိန်က နိရဥ္စရာသို့ပြောသည်။

“ဒီအဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်က ထပ်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ ပြည်နယ်လွှတ်တော်က အခုလို သဘောတူ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် “ဟု အဆိုတင်သွင်းသူ ဦးထွန်းသာစိန်က ပြောသည်။

ယင်းအဆိုကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၏ထောက်ခံဆွေးနွေးမှုဖြင့် ပြည်နယ်လွှတ်တော်က ယခုကဲ့သို့ သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ကျနော်တို့အပိုင်းကတော့ ပြီးသွားပြီ။ ပြည်ထောင်စုအပိုင်းကပဲလုပ်ဖို့လိုတော့တယ်”ဟု အဆိုရှင် ဦးထွန်းသာစိန်က ဆိုသည်။

မြောက်ဦးလေယာဉ်ကွင်းကို ပြည်နယ် အစိုးရ ခွင့်ပြုငွေ ကျပ်သန်း ၄ ထောင်ဖြင့် ၂ဝ၁၅ ခုနှစ်မှစတင်ကာ ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အစိုးရက ဘတ်ဂျက်မချပေးမှုကြောင့် စီမံကိန်းရပ်ထားရသည်ဟု သိရသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်သို့ ချပေးသည့် ပြည်ထောင်စု ဘတ်ဂျက်မှာ ၁၄၂ ဘီဘီယံသာရှိပြီး အလွန်နည်းပါး၍ အဆိုပါ လေယာဉ်ကွင်းဖောက်လုပ်ရေး အတွက် ခွဲဝေ ပေးရန် မဖြစ်နိုင်သဖြင့် ပြည်နယ် အစိုးရ ရပ်တန့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...