“ဒီအဆိုနဲ့ပတ်သက်ပြီး ဒီကနေ့ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်က ထပ်ပြီးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ ပြည်နယ်လွှတ်တော်က အခုလို သဘောတူ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် “ဟု အဆိုတင်သွင်းသူ ဦးထွန်းသာစိန်က ပြောသည်။
ယင်းအဆိုကို ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ်လ ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၏ထောက်ခံဆွေးနွေးမှုဖြင့် ပြည်နယ်လွှတ်တော်က ယခုကဲ့သို့ သဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ကျနော်တို့အပိုင်းကတော့ ပြီးသွားပြီ။ ပြည်ထောင်စုအပိုင်းကပဲလုပ်ဖို့လိုတော့တယ်”ဟု အဆိုရှင် ဦးထွန်းသာစိန်က ဆိုသည်။
မြောက်ဦးလေယာဉ်ကွင်းကို ပြည်နယ် အစိုးရ ခွင့်ပြုငွေ ကျပ်သန်း ၄ ထောင်ဖြင့် ၂ဝ၁၅ ခုနှစ်မှစတင်ကာ ဆုထူးစံကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် အစိုးရက ဘတ်ဂျက်မချပေးမှုကြောင့် စီမံကိန်းရပ်ထားရသည်ဟု သိရသည်။
၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်သို့ ချပေးသည့် ပြည်ထောင်စု ဘတ်ဂျက်မှာ ၁၄၂ ဘီဘီယံသာရှိပြီး အလွန်နည်းပါး၍ အဆိုပါ လေယာဉ်ကွင်းဖောက်လုပ်ရေး အတွက် ခွဲဝေ ပေးရန် မဖြစ်နိုင်သဖြင့် ပြည်နယ် အစိုးရ ရပ်တန့်ထားခြင်း ဖြစ်ကြောင်း သိရသည်။







