ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ကြိုးတံကား ဖြတ်သန်းခ ငွေကောက်၍ ဆန္ဒဖော်ထုတ် ကန့်ကွက်

ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ကြိုးတံကား ဖြတ်သန်းခ ငွေကောက်၍ ဆန္ဒဖော်ထုတ် ကန့်ကွက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားသို့ သွားရာ ကြိုးတံထားဖြတ်သန်းခအဖြစ် ဘုရားဂေါပကမှ လပေး အငှားသားဖြင့် လူတစ်ဦးလျှင် ကျပ်ငွေ ၁၀၀ စီကောက်ခံနေမှု အပေါ် မြို့သူမြို့သား အချို့မှ ကျေနပ်မှု မရှိခြင်းကြောင့် ဆန္ဒဖော်ထုတ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့ ဒေသခံ ၆၀ ထိ ယခုလို ကန့်ကွက် ဆန္ဒဖော်ထုတ်ရသည့် အဆင့်သို့ ရောက်ရှိလာရခြင်းမှာ မြို့နယ်ထွေအုပ်၊ မြို့နယ်သံဃအဖွဲ့အစည်း၊ လွတ်တော်ကိုယ်စာလှယ်၊ မြို့နယ်ရဲမှူး တို့ထံ စာတင် အကြောင်း ကြားသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ဖြေရှင်းပေးမှု မရှိသောကြောင့် ဖြစ််သည်ဟု ဦးဆောင်သူ ဦးထွန်းလှမှ နိရဥ္စရာသို့ ပြောသည်။

“ကျနော်တို့က ဒီဦးရာဇ်တောင်ဘုရားကိုသွားတဲ့ ချောင်းကူး ကြိုးတံထားကို ဖြတ်သားခပေးစရာလို အခမဲ့သွားလာလို့ ရစေချင်ပါတယ်။ စပြီးတော့ တံတားတည်ဆောက်စဉ်ကနေ ခုထိ ငွေကြေးကောက်ခံနေဆဲပါ။ ကျွန်တော်တို့ သက်ဆိုင်ရာကို စာအကြိမ်ကြိမ်တင်ပေမယ့် ကျွန်တော်တို့ လိုလားတဲ့ ပုံစံမျိုး အခုချိန်ထိ ဖြစ်မလာလို့ ခုလို ဆန္ဒဖော်ထုတ်ရတာပါ” ဟု ဦးထွန်းလှမှ ပြောသည်။

ယခုကြိုးတံတားကို ၁၉၉၅ ခုနှစ်က ပြည်သူလူထုအလှူငွေအပါအဝင် အစိုးရထံမှအကူအညီအချို့ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဒီနေ့ ဆန္ဒဖော်ထုပ်ပွဲတွင် ဦးရာဇ်မင်္ဂလာတံတား ဖြတ်သန်းခ ငွေအတန်းကောက်ခံခြင်းကို ဖျက်သိမ်းပေးပါ၊ စည်းကမ်းပျက်ဂေါပက အလိုမရှိ စသည့်အသံများအပါအဝင် ကြွေးကြော်သံ ၅ ခုဖြင့် ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဦးရာဇ်တောင်ဘုရား ဂေါပကကို ဆက်သွယ်နိုင်ခြင်း မရှိသဖြင့် မည်သည့် အတွက်ကြောင့် အများပြည်သူပိုင် တံတားပေါ်မှ ဖြတ်သန်းသွားလာသူများကို ငွေကောက်ခံရသည့် အကြောင်းအရင်းကို မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...