Door to Door ပုံစံနဲ့ အမ်းမြို့နယ်မှာ မဲဆွယ်နေဟု တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်ဆို

Door to Door ပုံစံနဲ့ အမ်းမြို့နယ်မှာ မဲဆွယ်နေဟု တစ်သီးပုဂ္ဂကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်ဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ လစ်လပ်နေသော ပြည်သူ့လွှတ်တော် နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂ လူငယ် ကိုယ်စားလှယ်လောင်း ဦးဇော်လင်းအောင်က သူ့အနေဖြင့် Door to Door ပုံစံဖြင့် မဲဆွယ်စည်းရုံးနေကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

njr0502“မဲဆွယ်စည်းရုံးမှုတွေက ကျွန်တော်ကလုပ်နေတယ်။ လုပ်နေတယ်ဆိုတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်ပေါ့လေ။ ကိုယ်ပိုင်နည်း၊ ကိုယ်ပိုင်ဟန်နဲ့လုပ်နေတယ်ဆိုတာက ကျွန်တော်က လူထုဟောပြောပွဲအသွင်နဲ့ ကျွန်တော်က လောလောဆယ် မသွားသေးဘူး။ ကျွန်တော်က ဘယ်လိုလဲဆိုရင် Door to Door ပုံစံနဲ့သွားတယ်” ဟု ဆိုသည်။

Door to Door စည်းရုံးရေးဆင်းရခြင်းက သူ့အတွက် ပိုအဆင်ပြေသည်ဟု ဆိုသည်။

“ ကျွန်တော်က Door to Door system ဆိုတာက ဒေသအခြေအနေ၊ ဒေသခံလူထုတွေနဲ့ နိုင်ငံရေး အကြောင်းလေးတွေကို သွားပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့တွေ တစ်ခါတလေ ဆိုင်ကယ်နဲ့၊ တစ်ခါတလေ ကားနဲ့ ကျွန်တော်တို့ သွားပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးတယ်ဆိုတာက အဓိက ကျွန်တော်တို့ ကိုယ့်ဒေသ အတွင်းက လူထုတွေရဲ့ လိုအင်ပေါ့နော်။ အဲဒီလိုအင်တွေရယ်၊ နောက်တစ်ခါ ကိုယ့်ဒေသက နိုင်ငံရေး ဆိုင်ရာအမြင်၊ နောက်တစ်ခုက ကိုယ့်ဒေသက ကြားဖြတ်ရွေးကောက်ပွဲအပေါ်အမြင်တွေကို ကျွန်တော်က လေ့လာ ဆန်းစစ်တဲ့ servey ဆင်းတဲ့သဘောမျိုးနဲ့ ကိုယ်ပိုင်ပုံစံနဲ့သွားတယ်။ သွားပြီးတော့ သူတို့တွေနဲ့ စကားပြောတယ်။”

ထိုသို့ တွေ့ဆုံစဉ်သူ၏ ဆောင်ရွက်များကိုလည်း ယခုလို ပြောဆိုသည်။

“ သူတို့တွေ (လူထု) က ပါတီနိုင်ငံရေးကို ဘယ်လိုမျှော်လင့်တယ်၊ လွှတ်တော်နိုင်ငံရေးကို သူတို့ ဘယ်လို လက်ခံထားတယ်၊ လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲကို သူတို့ ဘယ်လိုမြင်တယ်၊ အဲဒါလေးတွေကို ကျွန်တော်က သွားတယ်။ သွားပြီးတော့ လက်ဘက်ရည်ဆိုင်တွေမှာ စုတယ်။ စုပြီးတော့ ကျွန်တော့်အမြင်လေးတွေကို ရှင်းပြတယ်” ဟု ပြောဆိုသည်။

လူထုဟောပြောပွဲပုံစံမျိုးကို နောက်ပိုင်းမှ ပြုလုပ်မည်ဟု သူက ပြောသည်။

“ ကျွန်တော့်ရဲ့ Pamphlet တွေကို လက်ရှိ ဝေနေပါတယ်၊ ကျွန်တော့်လိပ်စာကဒ်တွေ၊ ကျွန်တော့်ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်တွေ ပေးတယ်။ အဓိကတော့ ကျွန်တော့်ရဲ့ ရွေးကောက်ပွဲဝင်တဲ့ရည်ရွယ်ချက်တွေပါတဲ့ Pamphlet တွေဝေရင်းနဲ့၊ ကျွန်တော့် လိပ်စာကဒ်တွေဝေရင်းနဲ့ပဲ ကျွန်တော်သွားတယ်။ သွားပြီးတော့ ကျွန်တော်က ဆိုင်းဘုတ်တွေ ဘာတွေထူတယ်။ အဲလိုပုံစံမျိုးနဲ့ ကျွန်တော်ကတော့ သွားတယ်။ လူထုဟောပြောပွဲပုံစံမျိုးကတော့ ကျွန်တော် နောက်ပိုင်းမှ လုပ်သွားမယ်” ဟု ပြောဆိုသွားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...