ရန်ကုန်- စစ်တွေ အောင်ပြည့်စုံခရီးသည်တင်ဘတ်စ်ကား ၀ါယာကြိုးရှော့ဖြစ်၍ မီးလောင်ရာမှ တစ်ဦးသေ လေးဦးဒဏ်ရာရ

ရန်ကုန်- စစ်တွေ အောင်ပြည့်စုံခရီးသည်တင်ဘတ်စ်ကား ၀ါယာကြိုးရှော့ဖြစ်၍ မီးလောင်ရာမှ တစ်ဦးသေ လေးဦးဒဏ်ရာရ
by -
နိရဥ္စရာ
ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသော အောင်ပြည့်စုံ ခရီးသည်တင်ယဉ်သည် ယနေ့ မတ်လ(၂)ရက် နံနက်(၆း၁၅)နာရီခန့်က ၀ါယာကြိုးရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် (၁)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

မီးလောင်ဒဏ်ရာဖြင် သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့တွင်နေထိုင်သူ မအေးအေးသန်း အသက်(၂၀)နှစ်ဖြစ်ကြောင်းသိရသည်။

အောင်ပြည့်စုံခရီးသည်တင်ယဉ်အမှတ် 4A / 6971 ကားတွင် ခရီးသည်(၁၈)ဦးလိုက်ပါလာပြီး အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၂၄ အရောက်တွင် မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။

‘‘ ၀ါယာကြိုးရှော့ဖြစ်ရာက ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်တယ်လို့သိရတယ်။ ကားမှာ ပိတ်မိပြီး တစ်ဦးသေတယ်။ လေးဦးဒဏ်ရာရတယ်။ မီးလောင်ဒဏ်ရာရသူ လေးဦးကတော့ မစိုးရိမ်ရဘူး’’ဟု အမ်းမြို့မ ရဲစခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

မီးလောင်ဒဏ်ရာရရှိသူ ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၄)ဦး ကဇုကိုင်းကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုသပေးနေကြောင်းသိရသည်။

၎င်းအောင်ပြည့်စုံ ခရီးသည်တင်ယာဉ်ကို မောင်းနှင်လာသူ ကောင်းဆက်နိုင်မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...