မီးလောင်ဒဏ်ရာဖြင် သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့တွင်နေထိုင်သူ မအေးအေးသန်း အသက်(၂၀)နှစ်ဖြစ်ကြောင်းသိရသည်။
အောင်ပြည့်စုံခရီးသည်တင်ယဉ်အမှတ် 4A / 6971 ကားတွင် ခရီးသည်(၁၈)ဦးလိုက်ပါလာပြီး အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ အုန်းတည်ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ်၂၄ အရောက်တွင် မီးလောင်ခြင်းဖြစ်ကြောင်း သိရသည်။
‘‘ ၀ါယာကြိုးရှော့ဖြစ်ရာက ဂတ်စ်အိုးပေါက်ကွဲပြီး မီးလောင်တယ်လို့သိရတယ်။ ကားမှာ ပိတ်မိပြီး တစ်ဦးသေတယ်။ လေးဦးဒဏ်ရာရတယ်။ မီးလောင်ဒဏ်ရာရသူ လေးဦးကတော့ မစိုးရိမ်ရဘူး’’ဟု အမ်းမြို့မ ရဲစခန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။
မီးလောင်ဒဏ်ရာရရှိသူ ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၄)ဦး ကဇုကိုင်းကျေးလက်ကျန်းမာရေးဌာနတွင် ဆေးကုသပေးနေကြောင်းသိရသည်။
၎င်းအောင်ပြည့်စုံ ခရီးသည်တင်ယာဉ်ကို မောင်းနှင်လာသူ ကောင်းဆက်နိုင်မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သတင်းရရှိသည်။







