ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ

ကျောက်ဖြူ စနဲတွင် ၀က်ဝဲဥသွားတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား ၄၀ ကျော်တွေ့ရှိ
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ ကံပြင်စုရပ်ကွက်တွင် အမျိုးသမီး တစ်ဦး ၀က်ဝဲဥ သွားတူးရာမှ ရှေးဟောင်း ငွေရခိုင်ဒင်္ဂါး (၄၁) ပြား ရရှိထားကြောင်း သတင်းရရှိသည်။

narinjara01ကံပြင်စုရပ်ကွက်တွင်နေထိုင်သူ ဒေါ်မရွှေကြည်သည် ကံပြင်စုဘုန်းတော်ကြီးကျောင်းနောက်ဘက် သိမ်တောင်ကြီး တောင်တွင် ၀က်ဝဲဥတူးရာမှ ရခိုင်ရှေးဟောင်းငွေဒင်္ဂါးပြား(၄၁)ပြားတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ငွေဒင်္ဂါးရရှိထားသူ ဒေါ်မရွှေကြည်၏ လင်ယောကျ်ား ဦးမောင်ခင်ရွှေက သည်။

‘‘ ကျနော့် အိမ်ရှင်မ တောင်ကိုသွားပြီး ၀က်ဝဲဥ တူးရာက ရခိုင်ရှေးဟောင်း ဒင်္ဂါးပြားတွေ့တာပါ။ ကျနော် ကြည့်ရ သလောက် ဒင်္ဂါးပြားက ပုံစံ(၄)မျိုးလောက်ပါတယ်။ တွေ့တာ တစ်လနီးပါးတောင်ရှိနေပြီ။ ကျနော့်အိမ်ရှင်မက ရခိုင်ရှေးဟောင်းဒင်္ဂါးလို့မသိဘူး။ နောက်မှ ကျနော်သိလို့ ကြည့်လိုက်တဲ့အခါမှ ရခိုင်စာပါတဲ့ ရှေးဟောင်း ဒင်္ဂါးပြားဖြစ်နေတယ်။ အခုထိ သိမ်းဆည်းထားပါတယ်။ မြောက်ဦး ရှေးဟောင်းသုတေသနကိုတော့ ဆက်သွယ် ထားတယ်’’ဟုပြောသည်။

၎င်းရှေးဟောင်းရခိုင်ငွေဒင်္ဂါးများအားကို တစ်ခြားနေရာကို ရောင်းချမည်မဟုတ်ဘဲ ထိုက်သင့်သည့် တန်ဖိုးတစ်ခုကို ရချင်ကြောင်း၊ စနဲမြို့မှ ဦးအောင်တင်ဝင်းနှင့် တိုင်ပင်ကာ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနသို့ ဆက်သွယ်ထားကြောင်း ဦးမောင်ခင်ရွှေက ပြောသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...