Published
Wednesday, March 01, 2017
ရခိုင်တွင် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု
ရခိုင်ပြည်နယ်တွင် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ် ပညာရေးဌာန၏ မှတ်တမ်းများအရ လွန်ခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသူကျောင်းသား ၃၀၉၆၀ ဦးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုသူကျောင်းသား ၄၂၅၉၈ ထိ ရှိလာခဲ့သည်။ စာစစ်ဌာန ၁၀၂ ခုရှိခဲ့ရာမှ ယခုနှစ်တွင် စာစစ်ဌာန ၁၁၆ ခု ထိတိုးလာသည်။
“ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေမယ့် ကျောင်းသူကျောင်းသား ၄၂၅၉၈ ဦးရှိပါတယ်။ စာစစ်ဌာနအနေနဲ့တော့ ၁၁၆ ခု ရှိပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
တက္ကသိုလ်ဝင်တန်းများ၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အတန်းတင် စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်သည်။







