ရခိုင်တွင် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု

ရခိုင်တွင် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသားဦးရေ ယခင်နှစ်ကထက် ၁၁၆၃၈ ဦးတိုးလာပြီး စာစစ်ဌာန ၁၄ ခု တိုးချဲ့ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ပညာရေးဌာန၏ မှတ်တမ်းများအရ လွန်ခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ကျောင်းသူကျောင်းသား ၃၀၉၆၀ ဦးသာ ရှိခဲ့ပြီး ယခုနှစ်တွင် ဖြေဆိုသူကျောင်းသား ၄၂၅၉၈ ထိ ရှိလာခဲ့သည်။ စာစစ်ဌာန ၁၀၂ ခုရှိခဲ့ရာမှ ယခုနှစ်တွင် စာစစ်ဌာန ၁၁၆ ခု ထိတိုးလာသည်။

“ရခိုင်ပြည်နယ်မှာ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေမယ့် ကျောင်းသူကျောင်းသား ၄၂၅၉၈ ဦးရှိပါတယ်။ စာစစ်ဌာနအနေနဲ့တော့ ၁၁၆ ခု ရှိပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တက္ကသိုလ်ဝင်တန်းများ၏ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အတန်းတင် စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ဖြေဆိုရမည်ဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...