ရခိုင်အများပိုင် ကုမ္ပဏီတည်ထောင်မည့်အရေး ဆွေးနွေး

ရခိုင်အများပိုင် ကုမ္ပဏီတည်ထောင်မည့်အရေး ဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင်ပြည်နယ်လုံးဆိုင်ရာ အများနှင့်သက်ဆိုင်သော ကုမ္ပဏီတစ်ခု ဖြစ်ပေါ် လာစေရန်ဆွေးနွေးပွဲတစ်ခုကို ခိုင်သဇင်မြို့တော်ခန်းမ၌ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၉ နာရီအချိန်တွင် စတင်ကျင်းပ ပြုလုပ်ခဲ့ပြီး ရခိုင်တစ်ပြည််နယ်လုံးမှ စီးပွားရေးပညာရှင်များနှင့် စိတ်ပါဝင်စားသူ ရဝ ကျော်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“ ကျွန်တော်တို့ ရခို်င်ပြည်နယ်မှာ စီးပွားရေးလုပ်ငန်းကြီးများ အားလုံးပူးပေါင်းပါဝင်တဲ့ အများပိုင်ကုမ္ပဏီတစ်ခု ဖွဲ့မယ်။ ဒီလိုဖွဲ့ဖို့ စိတ်ဝင်စားတဲ့လူတွေကတော့ ယာယီကော်မတီတွေဖွဲ့မယ်ပေါ့။ ဖွဲ့မယ့် လူတွေကိုတော့ မနက်ဖြန်မှ ဆွေးနွေးသွားမှာပါ ” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ဦးစိုးပိုင် ကပြောသည်။

ယခုကဲ့သို့ အများပိုင်ကုမ္ပဏီတွေဖြစ်လာမည်ကို သဘောတူကြောင်း ကုမ္ပဏီအနေဖြင့်လည်း ဒေသလူထုကို အကျိုးဖြစ်စေမည့် လုပ်ငန်းများလုပ်ကိုလုပ်ရန်လိုအပ်ကြောင့်နှင့် ပြည်နယ်အစိုးရမှလည်း လုပ်ငန်းတွင်လိုအပ်သည့် နည်းပညာများကို စနစ်တကျကူညီပေးမှုများရှိရန်လိုအပ်ကြောင်း ပြောဆိုကြသည်။

ရခိုင်ပြည်နယ်မှာ လက်ရှိကုမ္ပဏီပေါင်း ၂ဝ ခန့်ရှိပြီး ယခုကဲ့သို့ အများပိုင်ကုမ္ပဏီရှိလာခဲ့လျှင် ဒေသဖွံ့ဖြိုးမှုပိုမိုတိုးတက်လာမည် ဟုလည်းဆက်လက် ပြောကြားခဲ့သည်။

April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...