ဘင်္ဂါလီများအား နိုင်ငံသားလက်မှတ်ထုတ်ပေးသည့်ကိစ္စစစ်ဆေးရန် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ မောင်တောသို့ ရောက်ရှိ

ဘင်္ဂါလီများအား နိုင်ငံသားလက်မှတ်ထုတ်ပေးသည့်ကိစ္စစစ်ဆေးရန် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် လွှတ်တော်မှ ဖွဲ့စည်းထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့မှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်မှ ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ် ထုတ်ပေးသည့် ကိစ္စနှင့်ပတ်သတ်၍ စစ်ဆေးရန် မောင်တောမြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

၎င်းလွှတ်တော်အဖွဲ့တွင် ဦးထွန်းအောင်သိန်း၊ ဦးကျော်ဇောဦး၊ ဦးခင်မောင်ဌေး၊ ဦးမောင်အုန်းတို့ ပါဝင်ကြပြီး ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီခန့်တွင် ဒေသခံ ရခိုင်အမျိုးသားများနှင့် မောင်တောမြို့ သာဿနာ့ ဗိမာန်တော်ကြီးတွင် တွေ့ဆုံဆွေးနွေးခဲ့သည် ဟုသိရသည်။

တွေ့ဆုံပွဲသို့ မောင်တောမြို့ ၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်မူအား လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာတော် သံဃာတော်များနှင့် တတ်သိ ပညာရှင်များ ဥပဒေပညာရှင်များတက်ရောက်ကာ အသေးစိတ် ဆွေးနွေးခဲ့ကြသည်ဟု ဘူးသီးတောင် မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က နိိရဥ္စရာ သို့ပြောသည်။

“ပြည်သူလူထုက ပြောတဲ့စကားသံတွေနဲ့ နိုင်ငံသားစိစစ်ရေး ကော်မတီကလုပ်ဆောင်ချက်တွေကို ကြားနာပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ကို အစီရင်ခံစာတင်သွင်းရမယ်” ဟု သူက ပြောသည်။

၎င်းလွှတ်တော် အဖွဲ့သည် မောင်တောမြို့နယ်တွင် ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ် ထုတ်ပေးသည့် ကိစ္စမှာ တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု အက်ဥပဒေနှင့် ညီညွတ်မှု ရှိ/ မရှိ စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

” မနေ့က နေ့လယ်မှာ ပြည်သူတွေနဲ့ ဆွေးနွေးခဲ့တယ်။ ဒီကနေ့ မနက် ၉ နာရီလောက်မှ လဝက ကို သွားတွေ့မယ်” ဟု မောင်တောမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

ဘင်္ဂလီ ၅၃ ဦးအား နိုင်ငံသားလက်မှတ်ထုတ်ပေးသည့်ကိစ္စနှင့် ပတ်သတ်၍ မောင်တောတွင် ဆန္ဒထုတ်ဖော် သွားမည် ဟုလည်းသိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...