ဖမ်းဆီးခံထားရစဉ် ဘင်္ဂလီ ၈ ဦး သေဆုံးခဲ့မှု အပေါ် စုံစမ်းစစ်ဆေးနေဟုဆို

ဖမ်းဆီးခံထားရစဉ် ဘင်္ဂလီ ၈ ဦး သေဆုံးခဲ့မှု အပေါ် စုံစမ်းစစ်ဆေးနေဟုဆို
by -
နိရဥ္စရာ
 မောင်တောမြို့နယ်မှ အကြမ်းဖက်မှုနှင့် ဆက်စပ် ဖမ်းဆီးခံရသူများကို တွေ့ရစဉ်)
မောင်တောမြို့နယ်မှ အကြမ်းဖက်မှုနှင့် ဆက်စပ် ဖမ်းဆီးခံရသူများကို တွေ့ရစဉ်)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှု နောက်ပိုင်း ဖမ်းဆီး ခံရသူများကို စစ်ဆေးစဉ် သေဆုံးသွားခဲ့သည့် ဘင်္ဂလီ ၈ ဦးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

“ ကြိမ်ချောင်းက တစ်ယောက် အချုပ်ခန်းပြန့်ပို့ အပြီးမှာ သေတာ တစ်ယောက် ရှိတယ်။ မောင်တောမြို့နယ် ငခူရမှ ၅ ဦးရှိပါတယ်။ ဘူးသီးတောင်အကျဉ်းထောင်မှာ ဖမ်းဆီးထားစဉ် သေဆုံးသူ တစ်ဦးနဲ့ တောင်ဘဇားက တစ်ဦး၊ စုစုပေါင်း သေဆုံးသူ ၈ ဦးဖြစ်ပါတယ်။ တစ်ချို့လည်း တိုင်ကြားချက်တွေရတယ်။ ဆရာဝန် တင်ပြထားတဲ့ ဆေးမှတ်တမ်းတွေ ပြန်လည် စိစစ်ဖို့ လုပ်နေတာတွေ ရှိပါတယ်” ဟု နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် စခန်းများ အောက်တိုဘာလ ၉ ရက်နေ့ က တိုက်ခိုက်ခံရပြီးနောက်ပိုင်း အောက်တိုဘာ ၁၇ ရက် အတွင်း ဘင်္ဂလီ ၈ ဦးသေဆုံးသွားခဲ့ပြီး ယင်းသေဆုံးမှုကို စုံစမ်းရေး ကော်မရှင်က စုံစမ်း စစ်နေခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နယ်ခြားစောင့်တပ် ကျီးကန်းပြင် ဌာနချုပ်နှင့် ငခူရစခန်း၊ ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများအတွင်း လူအခွင့်အရေးချိုးဖောက်မှုများရှိကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများမှ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့မှ စုံစမ်းရေး ကော်မရှင်များကို အသီးသီးဖွဲ့စည်းခဲ့ကြသည်။

လက်ရှိ အချိန်ထိ မောင်တောဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်စပ် ဖမ်းဆီးခံထားရသူ ဘင်္ဂလီ ၅၈၅ ဦးရှိသည်။ ၎င်းတို့အား ရုံးတင် စစ်ဆေးမှုများ ပြုလုပ်နေရာ စစ်တွေ ထောင်တွင် ဖမ်းဆီး အကျဉ်းကျခံနေရသူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာမှ အသက် (၂၃)နှစ် အရွယ် မာမက်နူ(ခ) အူလာကို စစ်တွေ ခရိုင်တရားရုံးမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့က သေဒဏ်ချမှတ်ခဲ့သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...