ရခိုင်ပြည်နယ်မှ ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင် တွေ့ဆုံပွဲပြုလုပ်

ရခိုင်ပြည်နယ်မှ ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင် တွေ့ဆုံပွဲပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနှံ့အပြားမှ ရခိုင်လူမှုအဖွဲ့အစည်းများ ရခိုင်ပြည်နယ် စစ်တွေမြို့ အားသစ် လဘက်ရည်ဆိုင်တွင် ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းတွေ့ဆုံပွဲကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီက စီစဉ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“မိတ်ဆက်တဲ့သဘောအနေနဲ့ တွေ့ဆုံကြတယ်ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဌာနက ပြုလုပ်တဲ့ စည်ပင်ဥပဒေနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်နေကြတဲ့ ရခိုင်ပြည်နယ် အနှံ့အပြားက ရခိုင်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ပြီးတော့ ပြုလုပ်တာဖြစ်တယ်။ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲက ခေါင်းဆောင်တချို့လည်း တက်ရောက်ပါတယ်”ဟု စစ်တွေမြို့ ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီ၏ နာယက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသာပွင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းတွေ့ဆုံပွဲကို စစ်တွေမြို့ ရခိုင်လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီကဲ့သို့ မြို့နယ်အလိုက် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီများ ပေါ်ပေါက်လာရေးနှင့် ရခိုင်အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များကို မြို့နယ်အသီးသီးမှ ရခိုင်လူမှုအဖွဲ့အစည်းများ သဘောတူညီချက်ရယူပြီး လက်တွဲဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ယေဘုယျအနေနဲ့တော့ စစ်တွေမြို့ဘက်က တင်ပြတာကတော့ ဘင်္ဂလီကိစ္စဖြစ်ပါတယ်။ အခုဆိုရင် သံတွဲမှာ ကမန်ကိစ္စက သိပ်အဟောတကျယ်ဖြစ်နေတယ်။ မကြာသေးမီကလည်း ဂွမှာ ဘင်္ဂလီတွေဝင်တယ်။ အဲ့ဒီလိုမျိုး အမျိုးသားရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ရခိုင်လူမျိုးတွေအနေနဲ့ ဘုံရပ်တည်ချက်တစ်ခု လိုတယ်။ စစ်တွေမှာတော့ ကိုယ်စားပြုကော်မတီ ဖွဲ့ထားတယ်ပေါ့၊ အခြားမြို့နယ်တွေမှာလည်း တစ်မြို့နယ်လုံးကို ကိုယ်စားပြုနိုင်တဲ့ ကော်မတီလေးတွေ ဖွဲ့သင့်တယ်ပေါ့။ အမျိုးသားရေးကိစ္စတွေမှာ မြို့နယ်တိုင်းဟာ တူတူညီညီ အသံတစ်ခုတည်း ထွက်နိုင်အောင် မြို့နယ်အသီးသီးက လူမှုအဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက် လုပ်ဆောင်သင့်တယ် ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်”ဟု ဦးသာပွင့်က ပြောသည်။

သာဓက အနေဖြင့် ရခိုင်အမျိုးသားများသည် အဖြူရောင်ကတ် ကိစ္စတွင် နီးစပ်ရာမြို့နယ်အချင်းချင်း ဆက်သွယ်ပြီး ၁၇ မြို့နယ်လုံး ပါ၀င်ဆောင်ရွက်ခဲ့သည့်အတွက် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ဆိုသည်။

စစ်တွေမြို့ လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီကို စစ်တွေမြို့ပေါ်ရှိ ရခိုင်လူမှုအဖွဲ့အစည်း ရ၄ ဖွဲ့ ပါ၀င်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု လေ့လာသိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...