အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ် ဖွဲ့စည်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ်ကို ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

ယင်းကော်မတီကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အစိုးရနှင့် ပြည်နယ်အဆင့် ငြိ်မ်းချမ်းရေး လက်မှတ် ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်အရပ်ဘက် လူမှု အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပြီးနောက် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “အဲဒီကော်မတီထဲမှာ ရခိုင်အမျိုးသားပါတီရယ်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရယ်၊ ပီးရင် အရပ်ဘက်လူမှုအဖွဲ့အစည်း ၈ ဖွဲ့လောက်ပါ၀င်ပါတယ်။ အဲဒီကော်မတီကို အဖွဲ့ဝင် ၂၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီကော်မတီအတွက် ကြီးကြပ် ကော်မတီ တစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။ ကြီးကြပ်ကော်မတီထဲမှာတော့ ANP ပါတီက ဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးနဲ့အပါအဝင် ၃ ယောက်ရယ်၊ ALP ပါတီက စောမြရာဇာလင်း အပါအဝင် ၂ ယောက်ရယ်၊ အရပ်ဘက်အဖွဲ့အစည်းထဲကတော့ ကျွန်မနဲ့ နောက်တစ်ယောက် ပါ၀င်ပါတယ် ”ဟု ပြောသည်။

ယခုဖွဲ့စည်းလိုက်သော ကော်မတီအနေဖြင့် သဘောထားထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်ထဲတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပေါ်လာရေးအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဟု ပါရှိသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်အမျိုးသားနှင့် ကချင်အမျိုးသားတို့က ပြုလုပ်ခဲ့ကြပြီဖြစ်ပြီး၊ ချင်းအမျိုးသားအနေဖြင့်လည်း အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ခွင့်ကို ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ရရှိသွားပြီဖြစ်သည်။

၎င်းပြင် ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီ များကိုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်လိုက်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...