ဂွမြို့နယ် ပင်လယ်ကမ်းခြေ စက်လှေ တစ်စီးတွင် ဘင်္ဂါလီ ၉ ဦးနှင့် အစားအစာပြတ်လပ်၍ သေဆုံးသူ တစ်ဦးတွေ့ရှိ

ဂွမြို့နယ် ပင်လယ်ကမ်းခြေ စက်လှေ တစ်စီးတွင် ဘင်္ဂါလီ ၉ ဦးနှင့် အစားအစာပြတ်လပ်၍ သေဆုံးသူ တစ်ဦးတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဂွမြို့နယ် ဆပ်သွားကျေးရွာ ပင်လယ် ကမ်းခြေ အနီးရှိ စက်လှေ တစ်စီးပေါ်တွင် ဘင်္ဂလီ ၉ ဦးနှင့် အစာရေစာ ပြတ်လပ်၍ သေဆုံးနေသူ ဘင်္ဂလီ တစ်ဦးကို ယနေ့နေ့လယ် ၃ နာရီခန့်က တွေရှိ ခဲ့ကြောင်း ဆပ်သွားကျေးရွာ ရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။

ဂွမြို့နယ် ဆပ်သွားကျေးရွာအနီးရှိ ကမ်းခြေသို့ဆိုက်ကပ်လာသည့်စက်လှေတစ်စီးအား မသင်္ကာ၍ ရဲတပ်ဖွဲ့၊ လဝကနှင့်ဒေသခံများသွားရောက်စစ်ဆေးရာ စက်လှေပေါ်တွင် ဘင်္ဂါလီအမျိုးသား (၉)ဦးနှင့် အစာငတ်ပြတ်၍ သေနေပြီးဖြစ်သည့်ဘင်္ဂါလီအမျိုးသား အလောင်း(၁)လောင်းတို့အား တွေ့ရှိခဲ့သည်ဟု ဆပ်သွားကျေးရွာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“မြန်မာစကားတစ်ယောက်မှ မတတ်တော့ ဘယ်က လာပြီး ဘယ်ကိုသွားတယ်ဆိုတာ မသိရဘူးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကလာတယ်လို့တော့ ခန့်မှန်းမိပါတယ်”ဟု အထက်ပါတာဝန်ရှိသူကေ ပြာသည်။

အဆိုပါဘင်္ဂါလီများအား မြို့နယ်ရဲ၊ ခရိုင်ရဲနှင့် လဝကတို့ဦးဆောင်ကာ ဂွမြို့သို့ခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံများက ပြောသည်။

“လုံခြံုမှုမရှိဘူးပေါ့။ ညဘက်အချိန်ဆိုမလွယ်ဘူး။ နေ့လယ် သုံးနာရီလောက်အချိန် ပြည်သူတွေသတိရှိလို့ ခု လိုသိရတာ။ ဒေသအတွက် အန္တရာယ်ရှိတာပေါ့ဗျာ”ဟု ဆပ်သွားကျေးရွာဒေသခံ ကိုရဲမင်းဦးက နိရဥ္စရာသို့ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်ရာ သူက ဘင်္ဂါလီများကို စုံစမ်းစစ်ဆေးခြင်းမပြုလုပ်ရသေး၍ မည်သို့ဆက်လုပ်မည်ဆိုသည်ကို ပြောရန်ခက်ခဲသည်ဟု ဆိုသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...