
၎င်းဆန္ဒပြပွဲကို ရခိုင်အမျိုးသားပါတီ(ANP) စစ်တွေမြို့နယ်မှ ဦးဆောင်၍ ပြုလုပ်ခဲ့သည်ဟု သိရသည်။ ဆန္ဒပြသူများသည် မွန်းလွဲ ၂ နာရီတွင် စစ်တွေမြို့ ၀င်္ကဘာကွင်းမှ လမ်းမကြီးအတိုင်း ချီတက်ပြီး၊ ယင်းလမ်းမှ တစ်ဆင့် ကုန်တန်းလမ်း၊စက်ရုံစု လမ်းများသို့ ချီတက် ဆန္ဒပြခဲ့ကြသည်။
“၁၉၈၂ မြန်မာနိုင််ငံသား ဥပဒေကို ချိုးဖောက်တဲ့အတွက် တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တရားရုံးတင် စစ်ဆေးပြီးတော့ ပြစ်မှုကျုးလွန်တဲ့အတိုင်း အရေးယူဆောင်ရွက်ပေးစေလိုတဲ့အတွက် ဆန္ဒ ထုတ်ဖော်ရတာ ဖြစ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ စစ်တွေမြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေ က နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ မြန်မာနိုင်ငံသားမဟုတ်သည့် ဘင်္ဂလီအမျိုးသမီး မြနန္ဒာခင်အား လဝကဦးစီးမှူးမှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ရ(က) ကို ချိုးဖောက်၍ နိုင်ငံသား အသိအမှတ်ပြုကတ်ပြား “ ၁၁/ဘတနနိုင် ၀၄၈၁၅၇” ကို ထုတ်ပေးခဲ့သည်ဟု ဦးအောင်သန်းဝေက ပြောကြားသည်။
ထိုသို့ ထုတ်ပေးခြင်းမှာ ဥပဒေနှင့် မညီသဖြင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ သို့သော် ယနေ့ အချိန်ထိ တရားစွဲဆိုမရ သဖြင့် ဦးဝင်းလွှင်အား အရေးယူပေးရန် ဆန္ဒပြတောင်းဆိုရသည်ဟု ဦးအောင်သန်းဝေက ပြောသည်။
ဆန္ဒပြသူများသည် ၁၉၈၂ ခု မြန်မာနိုင်ငံသားဥပဒေချိုးဖောက်သော ပြည်နယ် လဝက မှူး ဦးဝင်းလွင်အား တရားရုံးတင် စစ်ဆေးပေးရေး (ဒို့အရေး)၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာချိုးဖောက်သော ပြည်နယ်လဝက ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူအပြစ်ပေးရေး (ဒို ့အရေး)၊ နိုင်ငံတော် အပေါ်သစ္စာဖောက်သော ပြည်နယ်လဝက ဦးစီးမှူး ဦးဝင်းလွင်အား အရေးယူအပြစ်ပေးရေး (ဒို ့အရေး) စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည််။
ဆန္ဒပြခံရသူ ကာယကံရှင် ဦးဝင်းလွှင်အား ဆက်သွယ်၍ မရသဖြင့် သူ၏ အမြင်သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။







