ဒေါက်တာအေးမောင်အား ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်မည့် ရွှေအမ်းတောင်ခန်းမ ခွင့်ပြုပြီးမှ တားမြစ်ခံရ

ဒေါက်တာအေးမောင်အား ဆုချီးမြှင့်ပွဲ အခမ်းအနားပြုလုပ်မည့် ရွှေအမ်းတောင်ခန်းမ ခွင့်ပြုပြီးမှ တားမြစ်ခံရ
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ချီးမြှင့်မည့် အမျိုးသား စွမ်းဆောင်ရည်ဆုကို အမ်းမြို့ ရွှေအမ်းတောင်ခန်းမ၌ အခမ်းအနားပြုလုပ်ပြီး ချီးမြှင့်ရန် စီစဉ်ထားရာ ယခုအခါ ယင်းခန်းမကို အသုံးမပြုရန် စည်ပင်က တားမြစ်လိုက်သည်ဟု သတင်း ရရှိသည်။

njr3002စွမ်းရည်ဆုချီးမြှင့်မည့် အခမ်းအနားကို စီစဉ်နေသူ ခိုင်ကောင်းစံက “ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဆီကို စာတင်ပြီး ပြုလုပ်ခွင့် ခွင့်ပြုချက် ကျထားပါပြီ။ ခွင့်ပြုစာလည်း ကျွန်တော်ဆီမှာ ရှိတယ်။ ဒါကို အခု စည်ပင်က ဦးစီးက လာတားတယ်။ မေးကြည့်တော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ခွင့်မပြုနဲ့လို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးကို ညွှန်ကြားလာတဲ့အတွက် ခုလို တားမြစ်တာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က တားမြစ်သည်ဟု ဆိုသဖြင့် ထိုသို့ တားမြစ်သည်မှာ ဟုတ် မဟုတ်ကို သိရှိနိုင်ရန် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေအား ယနေ့ နံနက် ၁၁ နာရီ ၅မိနစ်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ သူက “ Personal ကိစ္စ ဖြစ်နေလို့ပါ။ အများပြည်သူနဲ့ ဆိုင်တဲ့ ကိစ္စဆိုရင် သုံးခွင့်ရှိပါတယ်။ အခု လူပုဂ္ဂိုလ်တစ်ဦးရဲ့ Personal ကိစ္စ ဖြစ်နေတဲ့ အတွက် အဲဒီခန်းမကို သုံးခွင့်မပြုဖို့ တားမြစ်တာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၎င်းဆုချီးမြှင့်မည့် အစီအစဉ် ယနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီတွင် စတင် ကျင်းပရန် စီစဉ်ထားရာ ယခုလို အနီးကပ် အချိန်မှ ခွင့်မပြုသဖြင့် ဆုပေးပွဲ အစီအစဉ်မှာ များစွာ နှောင့်နှေး ခက်ခဲမှုများနှင့် ကြံုနေရကြောင်း ကိုခိုင်ကောင်းစံက ပြောကြားသည်။

ယခု စွမ်းဆောင်ရည်ဆုကို အမေရိကန်က မဟုတ်ဘဲ မလေးရှားနိုင်ငံရောက် ရခိုင်မျိုးချစ်များက ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...