ဆက်လက် ထိုးစစ်ဆင်နေမည်ဆိုပါက ပင်လုံညီလာခံကို ကျင်းပရန် မလိုဟု ဂျပန် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများဆို

ဆက်လက် ထိုးစစ်ဆင်နေမည်ဆိုပါက ပင်လုံညီလာခံကို ကျင်းပရန် မလိုဟု ဂျပန် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများဆို
by -
နိရဥ္စရာ
တိုင်းရင်းသား ဒေသများတွင် ဆက်လက် ထိုးစစ်ဆင်နေပါက ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပရန် မလိုအပ်ဟု ဂျပန်နိုင်ငံ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြသူများက ပြောဆိုလိုက်သည်။

ယနေ့ နေ့လယ် ၁ နာရီက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ပြုလုပ်သော ထိုးစစ်ဆင် တိုက်ခိုက်မှု ရပ်တန့်ရေး တောင်းဆို ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုသော်ဇင်ဖြိုးမှ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသား ၅၀ ခန့်ပါ၀င်သော သံရုံးရှေ့ ဆန္ဒဖော်ထုတ်ပွဲတွင် ကိုသော်ဇင်ဖြိုးက “ အခုလို ဆက်လက် ထိုးစစ်ဆင်နေမယ်ဆိုရင် ပင်လုံညီလာခံ ကျင်းပစရာ လိုမှာ မဟုတ်ပါဘူး။ တိုက်ပွဲတွေ မရပ်ဘဲ ပင်လုံ ညီလာခံကိုသာ ဆက်လုပ်ရင် တိုင်းရင်းသားတွေ အနေနဲ့ ဒီညီလာခံကို ယုံကြည်စရာမရှိသလို အတုအယောင် ညီလာခံလို့သာ မြင်ကြမှာ ဖြစ်တယ်” ဟု သူက ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား ၅၀ ခန့်သည် ပိုစတာများကို ကိုယ်စီကိုင်ပြီး ကြွေးကြော်သံများ ကြွေးကြော်ကာ မြန်မာတပ်မတော်မှ တိုင်းရင်းသား ဒေသများတွင် ဆင်နွဲနေသော ထိုးစစ်များကို ချက်ချင်း ရပ်တန့်ရန် သံရုံးရှေ့တွင် တောင်းဆိုခဲ့ကြသည်။

“တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ စစ်ပွဲ ထောက်ခံသူတွေကိုလည်း ရှံှု့ချပါတယ်။ လက်ရှိအစိုးရအနေနဲ့လည်း စစ်ပွဲတွေကို မရပ်နိုင်တာဟာ စစ်ပွဲတွေကို ထောက်ခံနေလို့လား ဆိုပီး မေးချင်ပါတယ်။ စစ်ပွဲတွေကို ရပ်ပြီး ငြိမ်းချမ်းရေးကို အမြန် အကောင်အထည်ဖော်ဖို့ တောင်းဆိုပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် တိုင်းရင်းသားဒေသတွင်း ဖမ်းဆီး နှိပ်စက်နေမှု ချက်ချင်းရပ်၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်နေမှုများအား ချက်ချင်းရပ်၊ ရခိုင့်နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းပြန်လွှတ်ပေးရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...