ပန်းမြောင်း အထက်တန်းကျောင်းမြေနေရာနှင့် ပတ်သက်ပြီးရွာသားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအကြား အငြင်းပွားမှု ပေါ်ပေါက်

ပန်းမြောင်း အထက်တန်းကျောင်းမြေနေရာနှင့် ပတ်သက်ပြီးရွာသားများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအကြား အငြင်းပွားမှု ပေါ်ပေါက်
by -
နိရဥ္စရာ
အငြင်းပွားမြေနေရာကို ပန်းမြောင်းသားတို့ စစ်ဆေးနေစဉ်
အငြင်းပွားမြေနေရာကို ပန်းမြောင်းသားတို့ စစ်ဆေးနေစဉ်
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းအထက်တန်းကျောင်းမြေနေရာတချို့ကို ရောင်းစားထားသည်ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများအကြား အငြင်းပွားမှုဖြစ်ပေါ်နေသည်ဟု ကျေးရွာသားများက ပြောသည်။

“အထကကျောင်းရဲ့ မြေနေရာကို အုပ်ချုပ်ရေးမှူးက ခြံခတ်အကွက်ရိုက် ရောင်းစားထားတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ရွာသားတွေ လက်မှတ်ရေးထိုးပြီး ဝန်ကြီးချုပ်နဲ့ နိုင်ငံတော်သမ္မတအထိ စာတင်ဖို့စီစဉ်နေကြပါတယ်”ဟု ကျေးရွာသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

ပန်းမြောင်းအထက်တန်းကျောင်း၏ အရှေ့ဘက် အလျား ၃၇ဝ ပေနှင့် အနံ ၁၃ ပေခန့်ရှိ မြေနေရာအား ကျေးရွာအုပ်ချုပ်ရေးမှူးက ပြီးခဲ့သည့်လကရောင်းစားထားခြင်းဖြစ်ပြီး ရွာသားများအား တစ်စုံတရာတိုင်ပင်ခြင်းမရှိခဲ့ဟုလည်း ရွာသားများက ဆိုသည်။

“ရောင်းစားထားတာတော့ အမှန်ပဲ။ အဲဒီမြေကွက်ကို ၂ သိန်းခွဲပေးထားရတဲ့သူ၊ ၁ သိန်းခွဲပေးထားရတဲ့သူတွေတောင်ရှိတယ်။ ဘယ်သူတွေဆိုတာတော့ မသိရသေးဘူး။ ပန်းမြောင်းအုပ်စုကပါပဲ”ဟု ရပ်မိရပ်ဖတစ်ဦးက နိရဥ္စရာသို့ပြောသည်။

အဆိုပါမြေနေရာကို ကိုယ်ကျိုးအတွက် ရောင်းစားထားခြင်းမှာ မှန်ကန်သည်ဆိုပါက ဥပဒေအရ ပြန်လည်တောင်းယူသွားမည်ဟုလည်း ပန်းမြောင်းအထကကျောင်းအုပ်ဆရာကြီးက နိရဥ္စရာက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မြင့်အား နိရဥ္စရာက ဆက်သွယ်မေးကြည့်ရာ အဆိုပါမြေနေရာမှာ ကျွဲ၊ နွားသွားလမ်းဖြစ်ပြီး ယခုအခါ ခြံုနွယ်ပိတ်ပေါင်းများထူထပ်လာသည့်အတွက် ရှင်းလင်းခုတ်ထွင်ထားခြင်းသာဖြစ်သည်ဟု ဆိုသည်။

“ဒီမြေတွေက ကျောင်းခြံဝင်းထဲမှာ လုံးဝမပါပါဘူး။ လယ်ကွက်တွေကြားက ကျွဲ၊ နွားသွားလမ်းပါ။ ဒီမြေကို ခြံခတ်ပြီး သန့်ရှင်းနယ်မြေအဖြစ် ရှင်းလင်းထားခြင်းသာဖြစ်ပါတယ်။ ကျနော်က ဒီမြေတွေကိုရောင်းစားထားတယ်ဆိုတာ မသိလို့ပြောကြတာပါ”ဟု ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အောင်မြင့်က နိရဥ္စရာသို့ပြောသည်။

ယခုကဲ့သို့ အငြင်းပွားမှု ပေါ်ပေါက်နေသဖြင့် အထက်အာဏာပိုင်များအနေဖြင့် ဘက်မလိုက်ဘဲ အမြန်ဖြေရှင်းပေးရန် ကျေးရွာသားများက လိုလားနေကြောင်း သိရှိရသည်။

ပန်းမြောင်းကျေးရွာသည် မင်းပြားမြို့နယ်ထဲက တိုက်နယ်ကျေးရွာကြီး တစ်ရွာဖြစ်ပြီး မြို့အဖြစ်သတ်မှတ်ဆောင်ရွက်ရန် ပြီးခဲ့နှစ်ကကျင်းပခဲ့သည့် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုထားသည့် ကျေးရွာကြီးတစ်ရွာလည်းဖြစ်သည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...