ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ပျက်စီးမြေယာပြသနာကိုဖြေရှင်းပေးရန် ပြည်ထောင်စု အစိုးရနှင့် တရုတ်သံအမတ်ကြီးကို တိုက်တွန်းသွားမည်ဟု လွှတ်တော်အမတ် ဦးဘရှိန်ပြော

ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ပျက်စီးမြေယာပြသနာကိုဖြေရှင်းပေးရန် ပြည်ထောင်စု အစိုးရနှင့် တရုတ်သံအမတ်ကြီးကို တိုက်တွန်းသွားမည်ဟု လွှတ်တော်အမတ် ဦးဘရှိန်ပြော
by -
နိရဥ္စရာ
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကွင်းဆင်း စစ်ဆေးနေစဉ်/ ဓာတ်ပုံ- နိရဥ္စရာ)
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကွင်းဆင်း စစ်ဆေးနေစဉ်/ ဓာတ်ပုံ- နိရဥ္စရာ)
တရုတ်ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ပျက်စီးမြေယာပြသနာကို ဖြေရှင်းပေးရန် ပြည်ထောင်စု အစိုးရနှင့် တရုတ်သံအမတ်ကို တိုက်တွန်းသွားမည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က နိရဥ္စရာသို့ ပြောသည်။

‘‘ ဓာတ်ငွေ့သန့်စင်စက်ရုံတည်ဆောက်တဲ့အခါ စက်ယန္တရားနဲ့ တောင်ကို ကုတ်လိုက် ကန်တူးလိုက်နဲ့ လုပ်ထား တဲ့ ရွှံ့ခဲတွေ ကျောက်တွေဟာ လယ်မြေထဲကို ဆင်းလာပြီးတော့ ပျက်စီးသွားတာကိုတွေ့ရတယ်။ ဒီမြေယာတွေကို လယ်ပြန်လုပ်ဖို့ အတွက် မလွယ်ကူတော့ဘူး။ တော်တော် ပျက်စီးသွားပြီလို့ မြင်ခဲ့တယ်။ ဒေသခံတွေပြောပြတာက ဒီရွှံ့မြေတွေဟာ စက်ရုံနဲ့ တစ်မိုင်ကျော်လောက်အကွာအဝေးကိုတောင် ရောက်သွားတယ်လို့ ဆိုတယ်။ ဒီဟာကို ပြန်လည်ဖြေရှင်းပေးဖို့အတွက် ပြည်ထောင်စု အစိုးရကို တိုက်တွန်းသွားမယ်။ ဒီမြေယာပြသနာလောက်ကို မဖြေရှင်းနိုင်ရင် အထူးစီးပွားရေးဇုန်အတွက်လည်း ပိုဆိုး လာနိုင်တယ်ဆိုတာကို တရုတ်သံအမတ်ကြီးကို စာရေးပြီးတောင်းဆိုသွားပါမယ်’’ဟု ဦးဘရှိန်ကပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုစံတို့သည် ဇန်နဝါရီလ(၁၂)ရက်နေ့ က နံနက်ပိုင်းက တရုတ်ဓာတ်ငွေ့ သန့်စင် စက်ရုံကြောင့် ပျက်စီးနေသောမြေယာကို သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့သည်။

၎င်းမြေယာကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီလ(၈)ရက်နေ့က စစ်တွေမြို့၊ ပြည်သူသယံဇာတရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် (၁၀)ရက်အတွင်း မဖြေရှင်းပေးရင် တရားစွဲဆိုသွားမည်ဟု မြေယာပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ကြကြည်နှင်းကပြောကြားခဲ့သည်။

‘‘လွှတ်တော်အမတ်တွေလာရောက်ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုအစိုးရနဲ့ တရုတ် သံအမတ်ကို တိုက်တွန်းတောင်းဆိုမယ်လို့ပြော တယ်။ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်လွင်လည်းလာရောက်ပြီးတော့ ကွင်းဆင်းစစ်ဆေးကာ ပြည်နယ်လွှတ်တော်ကို
တင်သွင်းမည်မယ်လို့ ပြောကြားထားတယ်။ ဒါကြောင့် တရားစွဲဆို ရန် ပြင်ဆင်မှုကို ရပ်တန့်ထားယ်’’ ဟုဒေါ်ကြည်ကြည်နှင်း ကပြောသည်။

ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ဖြေရှင်းပေးရန် ပျက်စီးမြေယာ(၁၈.၀၃)ဧကဖြစ်ပြီး မလကျွန်း၊ ဂုံးချိန်နှင့် အုန်းတောမှ ဒေသခံ(၂၁)ဦးတို့ပိုင်ဆိုင်သော မြေယာဖြစ်ကြောင်းသိရသည်။ ထိုပျက်စီးမြေယာကိုဖြေရှင်းပေးရန် တရုတ်ကုမ္ပဏီ CNPCကို (၃)ကြိမ် ဆန္ဒပြခဲ့ပြီး ဖြစ်သည်။

Most read this week

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...