မင်းပြားမြို့တည် နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် စေတီတစ်ဆူ တည်ထားကိုးကွယ်မည်

မင်းပြားမြို့တည် နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် စေတီတစ်ဆူ တည်ထားကိုးကွယ်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့တည် နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် စေတီတစ်ဆူ တည်ထားကိုးကွယ်မည်ဟု မြို့ခံများက ပြောသည်။

“မင်းပြားမြို့ကို တည်ခဲ့တာ နှစ် ၁၅ဝ ပြည့်ပြီဆိုတော့ အထိမ်းအမှတ်အနေနဲ့ အခုလိုတည်မှာပါ။ နှစ် ၁ဝဝ ပြည့်တုန်းကလည်း နှစ် ၁ဝဝ ပြည့် ကောင်းမှုတော်စေတီကို ဒီပန်းခြံမှာပဲ တည်ခဲ့ကြတယ်လေ ” ဟု နှစ် ၁၅ဝ ပြည့် ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးလှမောင်သာက နိရဥ္စရာသတင်းဌာန သို့ပြောသည်။

အဆိုပါစေတီကို အမြင့်ပေ ၂ဝ ခန့်နှင့် လုံးပတ် ပေ ၁ဝ ကျော်အတိုင်းအတာဖြင့် တည်ထားမည်ဖြစ်ပြီး စေတီတည်နိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်နေကြပြီဟုလည်း သိရသည်။

“ဒီစေတီကို တပေါင်းလပြည့်နေ့ (မတ်လ ၁၂ ရက်နေ့)မှာ အုတ်မြစ်ချမှာဖြစ်ပြီး အထိမ်းအမှတ်ပွဲကိုတော့ တပေါင်းလပြည့်ကျော် ၅ ရက်နေ့ကနေ ရ ရက်နေ့အထိ (မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ)ကျင်းပသွားမှာဖြစ်ပါတယ်” ဟုလည်း ဦးလှမောင်သာက ဆိုသည်။

အဆိုပါစေတီကို မြဝတီမြို့ရှိ အလိုတော်ပြည့်ဆရာတော်ကမတည်၍ မြို့ခံများနှင့် စေတနာရှင်များက စုပေါင်းတည်ထားကိုးကွယ်သွား မည်ဟုလည်းသိရသည်။

မင်းပြားမြို့ကို ၁၈၆၇ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းပြားမြို့၌ ရပ်ကွက် (၈)ခုနှစ် အိမ်ခြေ ၄၃ဝဝ ကျော်ရှိကြောင်းလည်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...