ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို အေကေ ၄၇ သေနတ် ၁၉ နှင့်အတူဖမ်းမိ

ALP စီးပွားရေး တာဝန်ခံအပါအဝင် လူ ၃ ဦးကို အေကေ ၄၇ သေနတ် ၁၉ နှင့်အတူဖမ်းမိ
by -
နိရဥ္စရာ
ကရင်ပြည်နယ် ဘားအံမြို့ မြို့ဝင်ဂိတ်တခုတွင် မသင်္ကာဖွယ်ရာ ယာဉ်တစီးအား ဒီဇင်ဘာ ၉ နေ့ခင်းပိုင်းက ရှာဖွေစစ်ဆေးရာမှ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စီးပွားရေးတာဝန်ခံ ခိုင်မျိုးသိန်း အပါအဝင် လူ ၃ ဦးကိုအေကေ ၄၇သေနတ်၁၉လက်၊ လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း News Watch က သတင်းဖော်ပြသည်။

ak47လှိုင်းဘွဲမြို့နယ်ဘက်မှ ဘားအံမြို့သို့ ဦးတည်မောင်းနှင်လသော Pajero ကား 2/G 9598 အား ကရင်ပြည်နယ် ဘားအံမြို့ လှာကမြင်ကျေးရွာအုပ်စု တောင်ကလေးမြို့ဝင်ဂိတ်တွင် မူးယစ် သတင်းတပ်ဖွဲ့က ရှာဖွေစစ်ဆေးစဉ် ဖမ်းဆီမိသည်ဟု ဆိုသည်။

၎င်းလက်နက်များကို ကားထိုင်ခုံအောက်နေရာများတွင် သိုဝှက်သယ်ဆောင်လာခဲ့ကြောင်း၊ AK 47 အမျိုးအစား သေနတ် ၁၉ လက် ကျည်တောင့် ၃၀၀ ကျော် နှင့် အတူ ငွေသား ကျပ်သိန်း ၃၆၀ ကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သတင်းတွင် ဆက်လက် ဖော်ပြသည်။

ကားပေါ်တွင် ALP ရခိုင်လွတ်မြောက်ရေးပါတီမှ စီးပွားရေးတာဝန်ခံ ခိုင်းမျိုးသိန်းပါ နှစ်ဦး စုစုပေါင်း ၃ ဦးလိုက်ပါလာကြောင်း လက်ရှိတွင် ဘားအံမြို့ မှုးယစ်အထူးရဲတပ်ဖွဲ့စခန်းတွင် စစ်ဆေးဆဲ ဖြစ်ကြောင်းသတင်းရရှိကြောင်း News Watch က သတင်းဖော်ပြထားသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...